Pages

Friday, November 15, 2013

Telenor နှင့် Ooredoo မှ မြန်မာလူမျိုးအများဆုံး ၀န်ထမ်းများခန့်အပ်မည်ဖြစ်ကြောင်း



ပြည်တွင်း၌ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်အောင်ထားသည့် Telenor Myanmar နှင့် Ooredoo
မြန်မာမှ ၀န်ထမ်းအများအပြားကို မြန်မာပြည်သူများခန့်အပ်မည်ဖြစ်ကြောင်း Telenor ကုမ္ပဏီမှ Chief 
People Office Ms.Tipayarat kaewsringam ကပြောကြားသည်။
ဆက်သွယ်ရေးအော်ပရေတာလိုင်စင်အတွက် တင်ဒါရွေးချယ်မှုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော Digicel
ကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သော ၀န်ထမ်းများကို ဆက်သွယ်ရေးရရှိတော့မည့် Ooredoo ကုမ္ပဏီက ခေါ်ယူ
ခန့် ထားကြောင်း Ooredoo Myanmar ကုမ္ပဏီ၏ CEO- Mr.Ross Cormack က ပြောကြားသည်။
တင်ဒါအောင်ထားသည့် အခြားအော်ပရေတာတစ်ခုဖြစ်သည့် Telenor မှလည်း ပြည်တွင်းတွင် စီမံခန့်ခွဲမှု
အဆင့် ၀န်ထမ်းများကို ခေါ်ယူခဲ့ပြီး ဖြစ်သည်။ စုစုပေါင်းဝန်ထမ်းဦးရေ ၃၀၀၀ခေါ်ယူသွားမည့် Telenor Myanmar
အနေဖြင့် အရောင်နှင့် ဈေးကွက်ထိုးဖောက်မှု Call Center များအတွက် ၀န်ထမ်းဦးရေ ၂၀၀ခန့် ထားသွားမည်ဖြစ်ပြီး
ကျန် ၁၀၀၀ကို Telenor Myanmar ၏ In-house ၀န်ထမ်းများအဖြစ် ခန့်သွားမည် ဖြစ်ကြောင်း Telenor ကုမ္ပဏီမှ
Chief People Office ဖြစ်သူ Mrs.Tipayarat kaewsringam ကပြောကြားသည်။
အခြားပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများဖြစ်လာမည့် မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်
လီပို့တို့ရှိ ၀န်ထမ်းခေါ်ယူမှု မပြုလုပ်ဘဲ ကုမ္ပဏီနှင့် လက်တွဲမည့်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို
ရှာဖွေနေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“စီမံခန့်ခွဲမှုအဆင့်ဝန်ထမ်းတွေ၊ ဈေးကွက်ထိုးဖောက်ရေးဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေနှင့် မန်နေဂျာ တွေလို သက်ဆိုင်ရာနယ်ပယ်အထူးပြု ၀န်ထမ်းတွေထဲမှာမြန်မာအများစုကိုခေါ်ယူမယ်”ဟု Ooredoo မြန်မာမှ
Mr.Ross Cormack က ပြောကြားသည်။

အောင်ကိုမင်း

No comments:

Post a Comment