Pages

Thursday, December 5, 2013

မြန်မာနိုင်ငံအနေနဲ့ Black List အမည်ပျက်စာရင်းဝင် လူ ၃၀၀၀ သာ စာရင်းမှပယ်ဖျက်ရန် ကျန်ရှိတော့ကြောင်း ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက စာရင်းသွင်းထားတဲ့ ဒီလို Black List အမည်ပေါက်သူများကိုအစိုးရအဖွဲ့အနေနဲ့ ပယ်ဖျက်ပေးလို့မရဟု သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား


အခုဆိုရင် ကျွန်တော် တို့နိုင်ငံတော်မှာရှိတဲ့ အဖွဲ့အစည်း တွေအားလုံး မိမိနိုင်ငံအတွင်းကိုပြန် လာလို့ရသွားပြီ။ Black List ဆိုလို့ ရှိရင် ကျွန်တော်တို့ အစိုးရလက် ထက်မှာ ၁၈၀၀၀ ရှိတယ်။ အဲဒါ ကို ကျွန်တော်တစ်ယောက်တည်း ၁၁၀၀၀ ကျော်ဖြုတ်လိုက်တယ်။ ၆၀၀၀ ကျန်ပါတယ်။ အဲဒီ ၆၀၀၀ ကို သမ်္မတကြီးကို တင်ပေးလိုက် တဲ့အခါမှာ အမည်ပျက် Black List စာရင်းကနေ ၃၀၀၀ စဖြုတ် တယ်။ အခုအမည်ပျက်စာရင်းဝင် Black List က ၃၀၀၀ ပဲ ကျန်ပါ တော့တယ်။ အဲဒီ ၃၀၀၀ က ဘာ တွေလဲဆိုရင် တခြား International Organization အဖွဲ့အစည်း တွေကနေ Black List အမည်ပျက် စာရင်းသွင်းထားတဲ့လူတွေဖြစ်တဲ့ အတွက် ကျွန်တော်တို့အစိုးရအနေ နဲ့ ဖြုတ်လို့မရပါဘူး။ လောလော ဆယ် Black List စာရင်းဝင် လူ ၃၀၀၀ ပဲ ကျန်ပါတော့တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ပြု လုပ်တဲ့ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ တာ ၀န်ရှိသူများနဲ့ အလွတ်သဘော တွေ့ဆုံပွဲမှာ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က အခုလိုပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ပြည်ပ နိုင်ငံအသီးသီး ကိုရောက်နေတဲ့ Black List စာရင်း ၀င်အဖွဲ့အစည်းများ၊ လူပုဂ်္ဂိုလ်များ ကို မိခင်နိုင်ငံသို့ပြန်လာရန် အစိုးရ အဖွဲ့ ၀န်ကြီးတစ်ယောက်အနေနဲ့ မိမိဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံး မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိလာ တဲ့အဖွဲ့က သီးလေးသီး အဖွဲ့ဖြစ်တယ် လို့ ဦးအောင်မင်းကပြောပါတယ်။ 
 
ယခုအခါ နိုင်ငံတော် အစိုးရမှ Black List စာရင်းဝင် လူပုဂ်္ဂိုလ်များကို အမည်ပျက်စာ ရင်းမှ ပြန်လည်ပယ်ဖျက်ပေးခဲ့ရာ မှာ မိမိကိုယ်မိမိ Black List စာရင်း ၀င်ကြောင်း၊ နိုင်ငံတော်အစိုးရက Black List စာရင်းမှ ပယ်ဖျက် ကြောင်း ကြေညာပြီးမှသာ မိမိ ကိုယ်မိမိ အမည်ပျက်စာရင်းဝင်နေ တာကို သိသူတွေလည်း ရှိကြောင်း၊ တချို့ဆိုလျှင် မိမိကိုယ်မိမိ ဘယ် အချိန်က အမည်ပျက်စာရင်းဝင် ရောက်နေလဲဆိုတာမသိတဲ့သူတွေ ရှိကြောင်း၊ ယခုလောလောဆယ် လူ ၃၀၀၀ ခန့်ဟာ နိုင်ငံတကာ အဖွဲ့အစည်းများကသတ်မှတ်ထား တဲ့ အမည်ပျက်စာရင်းဝင်လျက်ရှိ နေသေးပြီး ဒီအပေါ်မှာတော့ နိုင်ငံ တော်အစိုးရအနေနဲ့ အမည်ပျက်စာ ရင်းမှ ပယ်ဖျက်လို့မရကြောင်း အဆိုပါမြန်မာ့ငြိမ်းချမ်းရေးစင်တာ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့တာကိုလည်း သိရှိရပါတယ်။

First  Weekly  Journal

No comments:

Post a Comment