Pages

Thursday, December 26, 2013

ကမ္ဘာတွင် ထင်ရှားသည့် သြစတြေးလျရွက်လှေပြိုင်ပွဲကြီး တွင် မြန်မာနိုင်ငံသား တစ်ဦး ပထမဦးဆုံး ၀င်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ။ ။ ဩစတြေးလျနိုင်ငံတွင်သာ မကဘဲ ကမ္ဘာတွင် ထင်ရှားကျော် ကြား သော ဆစ်ဒနီမှ ဟိုဘတ် ကျွန်းစုသို့ ရွက်လှေဖြင့် ယှဉ်ပြိုင်ရသော ပြိုင်ပွဲ ကြီးတွင် မြန်မာနိုင်ငံသားတစ်ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဟုသိရပြီး ယင်းမှာ ပြိုင်ပွဲတစ်လျှောက် ပထမ ဦးဆုံးအကြိမ် အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင် ခဲ့ကြောင်းသိရသည်။

ဆစ်ဒနီမှ ဟိုဘတ်ကျွန်းရှိရာ သို့ ရွက်လှေဖြင့်ယှဉ်ပြိုင်သည့်ပြိုင် ပွဲကို ၁၉၄၅ခုနှစ်မှ စတင် ကျင်းပခဲ့ ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် သူအဖြစ် ပါဝင်ခွင့်ရခြင်းအပေါ် မြန်မာ နိုင်ငံသား စစ်နိုင်ဇော် မှ ဂုဏ်ယူဝမ်း မြောက်လျက်ရှိသည်။

ယင်းနှင့်အတူ ပထမဦးဆုံးအ ကြိမ်ပါဝင်ယှဉ်ပြိုင်သည့် မှတ်တိုင် စိုက်ထူနိုင်ခဲ့သူမှာ တောင်အာဖရိက တွင် Gangster တစ်ဦး ကဲ့ သို့ ဘဝ တစ်လျှောက် နေထိုင်လာခဲ့သည့် Masibulele Liyaba ဖြစ်ကာ ဓားထိုးမှု အကြိမ်ကြိမ်ကို ကျူးလွန်ခဲ့သူဟု လည်း ယင်းကဝန်ခံထားခဲ့သည်။သို့ရာတွင်မူ နိုင်ငံကရွေးချယ် သည့် Sapinda Rainbow Project တွင် ရွေးချယ်ခံရပြီးနောက်တွင် ဆိုး သွမ်းသည့်ဘဝမှ တစ်ဆစ်ချိုးပြောင်း လဲခဲ့ခြင်းဖြစ်ကြောင်း ယင်းကဆက် လက်ပြောခဲ့သည်။

မြန်မာနိုင်ငံ သား စစ်နိုင်ဇော် မှာ ဆိုက်ပရပ်နိုင်ငံကိုယ်စားပြု ရွက် လှေ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အင်ဂျင် နီယာ အဖြစ် ပါဝင်ယှဉ် ပြိုင်ခြင်းဖြစ် ကြောင်းသိရသည်။ယင်းအနေဖြင့် ရွက်လှေယှဉ် ပြိုင်သူတစ်ဦး မဟုတ်သော်လည်း ရွက် လှေသင်္ဘောတစ်စီးအတွက် အလွန် အရေးပါသည့် အင်ဂျင်နီယာကဏ္ဍကို တာဝန်ယူထားရသူလည်း ဖြစ်သည်။အသက် ၂၃ နှစ်သာရှိသေး သော စစ်နိုင်ဇော်က သတင်းစာရှင်း လင်းပွဲတွင် ''ဒီပြိုင်ပွဲဝင်ခွင့်ရတာဟာ ဘုရားပေးတဲ့လက်ဆောင်ပါ''ဟု ပြောခဲ့သည်။ယခု ကမ္ဘာကျော် ပြိုင်ပွဲကို ၂၂ နိုင်ငံမှ ရွက်လှေပေါင်း ၉၄ စီးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲသမိုင်း တစ်လျှောက်တွင် ပြိုင်ဆိုင်မှုပြင်းထန် သည့် ပြိုင်ပွဲတစ်ခုဖြစ်လာမည်ဟု လည်း သိရသည်။ထို့အပြင်၂၀၀၈ ပေကျင်းအိုလံ ပစ်ပြိုင်ပွဲတွင် ရွက်လှေမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ တရုတ်နိုင်ငံသူ Vicky Song ယှဉ်ပြိုင်ခြင်းမှာ တရုတ်အမျိုး သမီးများအတွင်း ပထမဦးဆုံးအကြိမ် ဖြစ်လာခဲ့ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment