Pages

Monday, December 30, 2013

အယ်လ်ဆာဗားဒေါမှ မီးတောင်ကြီး စတင်ပေါက်ကွဲနေပြီ

30.12.2013

အယ်လ်ဆာဗေးဒေါ အာဏာပိုင်များက ချာပါရက်တစ်မီးတောင်ကြီးမှ မီးခိုးနှင့်ဓာတ်ငွေ့များ  ကောင်းကင် ယံအထက် သုံးမိုင်အထိ ထိုးထွက် လာပြီဖြစ်သဖြင့် အနီးအနားတွင် နေထိုင် သူများကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးလျှက်ရှိသည်။

ချာပါရက်မီးတောင်ကြီးနှင့် မိုင်၃၀အကွာတွင် ရှိသော ဆန်မီဂူရယ်မြို့သည် နိုင်ငံအတွင်း အကြီးမား ဆုံးမြို့များ အနက် တစ်မြို့ဖြစ်၏။ မြို့တော် ကာကွယ်ရေးမှ ဒါရိုက်တာ ဂျော့မန်လန်ဒက်က စုံးစမ်းထောက် လှမ်းရေး ကိရိယာများက မီးတောင် သည် ချော်ရည်များ ထွက်လာဖွယ် အရိပ် လက္ခဏာများ ပြသနေသည့် အတွက် အန္တရာယ် အ၀ါရောင်အဆင့် အဖြစ် သတ်မှတ် ထားကြောင်း ဆိုသည်။

မန်လန်ဒက် သူတို့သည် မီးတောင်နှင့် သုံးကီလိုမီတာ အကွာမှ ရွာများကို အရေးပေါ် အခြေအနေ ထားပြီး၊ ရွေ့ပြောင်း မည့် သူများအတွက် ခိုလှုံရာစခန်းများလည်း အသင့်ရှိနေပြီ ဟု ဆိုသည်။ အချို့်ဒေသခံ များကမူ  သူတို့၏ နေအိမ်များမှ စွန်ခွာရန် တွန့်ဆုတ်နေကြသဖြင့်၊ နေရပ်ကို စွန့်ခွာသူသာ အသက်ရှင် လွတ်မြောက်လိမ့်မည်ဟု တိုက်တွန်းပြောဆို နေကြရသည်။

ချာပါရက်မီးတောင်သည် ၇၀၂၅ပေမြင့်သည်။ မြို့တော် ဆန်ဆယ်လ် ဗာဒေါမှ အရှေ့ဘက် မိုင်၉၀အကွာတွင် ရှိသည်။ ချာပါရက်သည် ယခုဖြစ်ရပ်မတိုင်မီ နောက်ဆုံးပေါက်ကွဲမှုမှာ ၁၉၇၆ခုနှစ် က ဖြစ်ခဲ့သည်။

The Myanma Age

No comments:

Post a Comment