Pages

Monday, December 23, 2013

ခရီးသွားအ၀င် မြင့်တက်လာသော်လည်း အင်းလေးဒေသသို့ ယခုလပိုင်းအတွင်း သွားရောက်လည်ပတ်မှု ယခင်နှစ်များကထက် လျော့ကျနေ


Monday, December 23, 2013 

ယခုနှစ် ခရီးသွားအ၀င်မှာ တစ်သန်းကျော် ၀င်ရောက်လာသော်လည်း အင်းလေးဒေသသို့ သွားရောက် လည်ပတ်သော ပြည်ပ ခရီးသွားများမှာ ယခုလပိုင်းအတွင်း လျော့ကျနေကြောင်း အင်းလေးဒေသမှ သိရသည်။

အဆိုပါ အင်းလေးဒေသသို့ အ၀င်နည်းပါးခြင်းမှာ ယခင်နှစ်များကထက် သိသိသာသာ လျော့နည်းနေခြင်းဖြစ်ကြောင်း၊ ထိုသို့ လျော့နည်း ရခြင်းမှာလည်း အင်းလေးဒေသသို့ F.I.T (မိမိအစီအစဉ်ဖြင့်မိမိ လာရောက်သည့် ခရီးသွား) များ လာရောက်ရန် သယ်ယူပို့ဆောင်ရေး အားနည်းနေသည့်အပြင် Package Tour (ကုမ္ပဏီ အစီအစဉ်ဖြင့် လာရောက်လည်ပတ်သည့် ခရီးသွား) များလည်း ကျဆင်းနေသောကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအဖွဲ့ အင်းလေးဇုန်ဥက္ကဋ္ဌက ဆိုသည်။

“မနှစ်က ဒီလိုအချိန်မှာ အရမ်းများတာ နိုဝင်ဘာလောက်ကတည်းက ကျသွားတာ။ မနှစ်ကဆိုရင် ကားရပ်စရာ နေရာတောင် မရှိလောက်အောင် ခက်ခဲခဲ့တယ်။ အခုချိန်မှာ အ၀င်ပါးတယ်။ တချို့နာမည်ကြီး ဧည့်လမ်းညွှန်တွေတောင် နားနေရတယ်။ ဒီလကုန်ခါနီး ခရစ္စမတ်ပြီးရင်တော့ ခရီးသွားပြန်ဝင်လာဖို့တော့ ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီနှစ်မှာ Package Tour ကျသွားပြီး F.I.T ပိုဝင်ရောက်လာတာလည်း ပါတယ်။ ပုဂံမှာက အ၀င်များတာကတော့ F.I.T တွေကြောင့်ပေါ့။ အင်းလေးမှာက အ၀င်နည်းရတာက F.I.T တွေအတွက် လည်ပတ်ဖို့က လိုင်းကားတွေ မရှိတာလည်း ပါတယ်။ သူတို့ဘာသာသူတို့ သွားလာဖို့ အဆင်မပြေဘူးပေါ့” ဟု အင်းလေးဇုန်ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ပြောကြားသည်။

ယခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းများအရ ခရီးသွားအ၀င်မှာ ၁ ဒသမ ၈ သန်းနီးပါး ရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ခရီးသွားမြင့်တက်လာခြင်းမှာ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်သို့လာရောက်သော နိုင်ငံခြားသားများသာ များပြားခြင်းဖြစ်ကြောင်းလည်း ခရီးသွားလုပ်ငန်း နယ်ပယ်များမှ သိရသည်။

Eleven Media Group

No comments:

Post a Comment