Pages

Sunday, December 29, 2013

ရုရှားဘူတာရုံမှာ အမျိုးသမီး အသေခံဗုံးခွဲသမားကြောင့် လူ ၁၃ ဦး သေဆုံး

29.12.2013

ရုရှားနိုင်ငံ တောင်ပိုင်းမြို့တမြို့မှာ ရှိတဲ့ ဘူတာရုံတခုမှာ အမျိုးသမီး အသေခံဗုံးခွဲသမားက ဖောက်ခွဲလိုက် တာကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ မတည်မငြိမ်ဖြစ်နေတဲ့ အဲဒီဒေသမှာ သုံးနှစ်အတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်လတုန်းကပဲ အဲဒီမြို့မှာပဲ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပါတယ်။ အခုလို အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် နောက်ထပ် ၆ ပတ်တောင် မလိုတော့တဲ့ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပွဲကို အစ္စလာမ္မစ်တွေ တိုက်ခိုက် မယ့် အန္တရာယ် စိုးရိမ်စရာဖြစ်နေပါတယ်။

DVB

No comments:

Post a Comment