Pages

Tuesday, December 3, 2013

မြန်မာ့ဆင် မျိုးသုဉ်းမှု ကာကွယ်ရေး အသိပေးလှုပ်ရှားမှု ဥရောပသမဂ္ဂ ဦးဆောင် ကျင်းပမည်


3.12.2013

ကမ္ဘာ့ပေါ်တွင် ဆင်ကောင်ရေ ဒုတိယ အများဆုံး ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၏ ဆင်မျိုးသုဉ်းမှု ကာကွယ်ရေးအတွက် အသိပေး လှုပ်ရှားမှု တစ်ရပ်ကို ဥရောပသမဂ္ဂက ဦးဆောင်၍ ရန်ကုန် မြို့တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂရုံးက သတင်းထုတ်ပြန်သည်။

ဆင်မျိုးသုဉ်းမှု ကာကွယ်ရေး အသိပေး လှုပ်ရှားမှုကို ဥရောပသမဂ္ဂက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဥရောပသမဂ္ဂ သစ်တော အင်စတီကျုက ဦးစီး၍ မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန် ကြီး ဌာန ၊ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံရုံးတို့က ပူးပေါင်း၍ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်မျိုးသုဉ်းမှု ကာကွယ်ရေး အသိပေးလှုပ်ရှားမှု တစ်ရပ်အဖြစ် ရန်ကုန်မှ ကျောင်းသား ၅၀ ကျော်က ကိုယ်တိုင် ဆင်အရုပ်များ ဖန်တီးဆေးခြယ်၍ ပြိုင်ပွဲဝင် ပြသသွားမည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးခြယ်ထားသည့် ဆင်ရုပ်များမှ နှစ်ခုကို မြန်မာအစိုးရနှင့် ဥရောပသမဂ္ဂတို့ထံ အာရှဆင်မျိုးသုဉ်းမှု ကာကွယ်ရေး လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအစီအစဉ်ကို ဥရောပသမဂ္ဂ ပါလီမန်က ဖွဲ့စည်းပေးထားသည့် အာရှဆင်များ ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုဖြစ်သည့် Elephant parade က စီစဉ်ခြင်း ဖြစ်သည်။ 

ကမ္ဘာ့ ဆင်ကောင်ရေ စုစုပေါင်း ၅၀၀၀၀ ကျော်ရှိသည့် အနက် မြန်မာနိုင်ငံတွင် ဆင်ကောင်ရေ ၆၀၀၀ ဝန်းကျင် ရှိနေပြီး စီးပွားရေးနှင့် လူမှုရေး အကျိုးကိစ္စများကြောင့် နေစဉ်နှင့်အမျှ သစ်တောပြုန်းတီး နေမှုများ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ၊ ဖန်လုံအိမ် အာနိသင် ထွက်ရှိမှု များပြား လာခြင်းတို့သည် ဆင်မျိုးသုဉ်းမှုသို့ ဦးတည်နေကြောင်း အာရှဆင် ဖောင်ဒေးရှင်း၏ ဒါရိုက်တာ Carmen Rademaker က ဆိုသည်။“ဒီကိစ္စကို အချိန်မီ မကာကွယ်နိုင်ရင် နောက်နှစ် ၃၀ အတွင်းမှာ အာရှမှာရှိတဲ့ ဆင်တွေ မျိုးသုဉ်းမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟု ၎င်းကရှင်းပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံကဲ့သို့ သစ်နှင့် သစ်ထွက်ပစ္စည်း အများဆုံး ထုတ်လုပ် ရောင်းချသူများ အနေနှင့် သစ်တော ပြုန်းတီးမှုများ ကို အကန့်အသတ်နှင့် ဆောင်ရွက်ခြင်းဖြင့် ဆင်မျိုးသုဉ်းမှု အန္တရာယ်ကို ကာကွယ်သင့်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ ဌာနေကိုယ်စားလှယ် Andreas List က ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ ဆင်များ၏ ကျန်းမာရေးအတွက် အာရှ ဆင်ဖောင်ဒေးရှင်းက ဆေးဝါးနှင့် အဆင့်မြှင့် ကုသမှု အသုံးအဆောင် ပစ္စည်းများ ပါဝင်သည့် ရွေ့လျား ဆေးခန်းနှစ်ခု လှူဒါန်းခဲ့ကြောင်း ယင်း ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

The  Voice

No comments:

Post a Comment