Pages

Thursday, December 5, 2013

နောင်ချိုမြို့နယ်အတွင်း (၉၀၂) တပ်ခွဲမှူးမှ တောင်သူများအားအမှုဖွင့်

5.12.2013

နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ခမ်းကျေးရွာတွင် တောင်သူ (၇) ဦးအား တပ်မြေ အတွင်း ၀င်ရောက်လုပ်ကိုင်သည်ဟု ဆိုကာ နောင်ချိုမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင့် အမှုဖွင့် ခံထား ရသော တောင်သူများထံမှ သိရှိရသည်။

''ကျမတို့ကိုတပ်ခွဲမှူး ဗိုလ်ကြီးသက်ဇော်ကအမှုဖွင့်ထားတယ်ဆိုတာနောင်ချိုရဲစခန်းကခေါ်မှသိရတယ်၊ ကျမတို့က ကျူးကျော်တာ မဟုတ်ပါဘူး၊ ကိုယ့်မြေမှာကိုယ် လုပ်ကိုင်နေကြတာပါဟု''တောင်ခမ်းကျေးရွာမှ အမှုဖွင့် ခံထားရသူဒေါ်စန်းညွှန့်မှ ပြောသည်။

အဆိုပါတောင်ခမ်းကျေးရွာအတွင်းတပ် (၂) တပ် တည်ရှိနေပြီးကျေးရွာ ပိုင်မြေအားတပ် (၂)တပ်မှ ပေါင်းသိမ်း ထားခြင်းဖြစ်၍ တောင်သူများစိုက်ပျိုးရန် အခက်တွေ့နေရကြောင်း ယခုအမှုဖွင့်သူ
တပ်ခွဲမှူးဗိုလ်ကြီးသက်ဇော်မှ ဒေသအတွင်းရှိ တောင်သူများအားလယ်ယာမြေကိစ္စနှင့်ပတ်သက်၍
မကြာခဏတားမြစ်မှုများပြုလုပ်လေ့ ရှိကြောင်းဒေသခံတောင်သူ များမှ ပြောသည်။

''ကျနော်တို့ကအရင်တုန်းကလုပ်ကိုင်ခဲ့တဲ့ပုံစံ (၁၀၅) တွေတောင်ရှိတယ်၊ အခုမြေကလည်း သူတို့ ထပ်တိုးချဲ့လို့ပါသွားတာ၊ တောင်သူကဘယ်တော့မှ ကိုယ့်မြေကလွဲရင် ဘယ်သူ့မြေမှာမှ ကျူးကျော်ပြီး မလုပ်ပါဘူး''ဟု တောင်ခမ်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ ကိစ္စအတွက် အမှတ် (၉၀၂) အမြောက်တပ်ရင်းမှူးအား သွားရောက် မေးမြန်းရာတွင် ယခု ကဲ့သို့ တောင်သူများအား အမှုဖွင့်ထားသည်ကိုတပ်မှ မသိရှိရပါကြောင်းဗိုလ်ကြီးသက်ဇော်သည်လည်း ခရီး သွားနေ ပါသောကြောင့် ပြန်ရောက်လျှင် ဆက်သွယ်ခိုင်းမည်ဖြစ်ကြောင်း တပ်ရင်းမှူးမှ ပြန်လည် ပြော ကြားသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

No comments:

Post a Comment