Pages

Saturday, December 7, 2013

လာအိုသမ္မတ မြန်မာနိုင်ငံလာမည်

ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံတော်၏ သမ္မတ Choummaly Sayasone သည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း လာအိုနိုင်ငံ အစိုးရက ဒီဇင်ဘာ လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

လာအိုသမ္မတ Choummaly သည် ၎င်း၏ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက် မည် ဖြစ် ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း လာအို အစိုးရ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာအိုသမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ် အသေးစိတ်နှင့် လာရောက်မည့် နေ့ကိုမူ လုံခြုံရေး အရ ဖော်ပြ ထားခြင်း မရှိသော်လည်း ခရီးစဉ်၏ ရည်ရွယ်ချက်မှာ မဲခေါင်ဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဓိက ထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း လာအိုအစိုးရ ပြောရေးဆိုခွင့်ရှိသူက သတင်း ထုတ်ပြန် ထားသည်။

ထို့အပြင် လာအိုသမ္မတသည် လာအို- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ရန်နှင့် လာအိုနိုင်ငံ Louangnamtha ပြည်နယ်နှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တို့ သွယ်တန်းထားသည့် မဲခေါင်းမြစ် ဖြတ်ကျော် ကားလမ်း ဖောက်လုပ်ရေး စီမံကိန်းနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက် အရ သိရသည်။

အဆိုပါ လာအို-မြန်မာ ကားလမ်း ဖောက်လုပ်ရန်အတွက် ယခုနှစ် ဖေဖော်ဝါရီလ အတွင်း က နှစ်နိုင်ငံအစိုးရ သဘောတူညီချက်ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယခုနှစ် မတ်လအတွင်းက လာအိုနိုင်ငံသို့ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ဖူးသည်။

The  Voice

No comments:

Post a Comment