Pages

Friday, December 20, 2013

ဧရာဝတီမြစ်ရေတွင် ပြဒါးအဆိပ်ပါဝင်မှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော သတ်မှတ်စံနှုန်းထက် ငါးဆပိုမို

20.12.2013

ဧရာဝတီမြစ်ရေတွင် ပြဒါးအစိတ် ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က သတ်မှတ် ထားသော စံနှုန်းထက် ငါးဆပိုမြင့် နေကြောင်းကို ဧရာတီလင်းပိုင် သုတေသနပညာရှင် ဦးအောင်မျိုးဆွေ က ပြောကြားသည်။
''ဧရာဝတီမြစ်အတွင်း ပြဒါးဓာတ် ဘယ်လောက်ရှိလဲဆိုတာ သိချင်လို့ ငါးရဲ့ အသားစနမှုနာကို ယူပြီးတော့ လူရဲ့ဆံပင်နဲ့ ပြဒါးပါဝင်တဲ့နှုန်းကို တိုင်းတဲ့အခါမှာ WHO က သတ်မှတ်ထားတဲ့ အဆင့်ထက် လေးဆ ငါးဆလောက် ပိုမြင့်နေတာကို တွေ့ရတယ်။ EPA သတ်မှတ်ထားတဲ့ အဆင့်ထက် ငါးဆင့်လောက် သာနေ တာကို တွေ့ရတယ်'' ဟု ပြောကြားသည်။

''အဲလိုဖြစ်တာက မြစ်ကြောင်းတစ်လျှောက် နားမှာရှိတဲ့ စက်ရုံတွေကနေ အညစ်အကြေးတွေကို မြစ်ထဲကို တိုက်ရိုက်စွန့်ပစ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ အဲ့လိုအညစ်ကြေးတွေ စွန့်ပစ်တော့ ငါးသယံဇာတတွေ နည်းလာတယ်။ ဧရာဝတီ လင်းပိုင်တွေဆို သူတို့ရဲ့ စားကျက်နေရာက ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင်ရှိသော စက်ရုံများမှစွန့်ပစ်သော အညစ်အကြေး များကြောင့် မြစ်ရေများ ညစ်ညမ်းလာခြင်း ငါးဖမ်းသမားများ၏ မဆင်မခြင် ငါးဖမ်းမှုများကြောင့် ငါးမျိုး စိတ်များပါ ပျောက်ဆုံး လာကြောင်းကို ပြည်မြို့နယ် သဲကုန်းမြို့ရှိ ဒေသခံ မိုင်သီရာအေးကျော် က ပြော ကြားသည်။

''အရင်တုန်းက ငါးဖမ်းရင် မိရိုးဖလာ ငါးဖမ်းနည်းအတိုင်း ဖမ်းကြတယ်။ နောက်ပိုင်းမှာ နိုင်လွန် ပိုက်တွေ ပေါ်လာတယ်။ ကျားပိုက်တွေ ပေါ်လာတယ်။ ပိုက်စိတ်တွေ ပေါ်လာတယ်။ အရင်တုန်းက လူတွေ က ပိုက်ဘယ်လိုပဲချချ ငါးရတယ်။ နောက်ပိုင်းငါးရ နည်းလာတဲ့အခါ နည်းမျိုးစုံ အသုံးပြုလာကြတယ်။ ပြီးတော့ လျှပ်စစ်တိုက်ပြီး ငါးဖမ်းတာလည်းပါတယ်။ လျှပ်စစ်လျှော့ တိုက်တာက တဖြည်းဖြည်းနဲ့ ဆိုးလာပြီးတော့ အခုဆို ငါးကြောင်းဆိုတဲ့ငါးက လုံးဝကို မရှိတော့ဘူး'' ဟု ပြောကြားသည်။

EMG

No comments:

Post a Comment