Pages

Monday, December 2, 2013

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင် ဖွဲ့ စည်းပုံဆိုင်ရာ ဆွေးနွေးပွဲ

2.12.2013

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော၊ ဆီဆိုင်မြို့ တွင်၊ ယနေ့ နံနက် ၉း၀၀ နာရီမှ၊ ညနေ ၃း၀၀ နာရီအထိ ဖွဲ့ စည်းပုံ ဆိုင်ရာပြည်သူ့ဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့ ကြောင်း ဖွဲ့ စည်းပုံဆိုင်ရာ ပြည်သူ့ ကွန်ယက်(ရှမ်းပြည်နယ်)၏ အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ ကိုလေးကြီး မှပြောပြပါသည်။

ထိုဆွေးနွေးပွဲတွင် ဒေသခံ တိုင်းရင်းသား(၁၀၀)ကျော်ခန့် တက်ရောက်ခဲ့ သည်။ အဓိက ခေါင်းစဉ်ကြီး-၅ ခုဖြင့်ဆွေးနွေး ခဲ့ ပြီး၊ ပြည်သူတို့ ၏ သဘောထား ကြေညာချက် တစ်စောင်ကိုလဲ ထုတ်ပြန်ခဲ့ သည်ဟု ပြောပါသည်။

“ဆီဆိုင်မြို့ နယ် အတွင်းက ဒေသခံ တိုင်းရင်းသားတွေက မိမိတို့ တိုင်းရင်းသားများရဲ့ ဖက်ဒရယ် ပြည်ထောင်စု အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဓလေ့ရိုးရာ၊ ယဉ်ကျေးမှု ဘာသာစကား၊ ထိန်းသိမ်းရန်ကိစ္စ စသည်တို့ ကိုအကျယ် တဝင့် ဆွေးနွေး ခဲ့ ကြပါတယ်` လို့ ပြောပါသည်။

ယခုဆီဆိုင်မြို့ တွင် ကျင်းပပြုလုပ်ခြင်းသည်၊ ဒုတိယအကြိမ်မြှောက် ဖြစ်တယ်၊ တောင်ကြီးမြို့ တွင် ပထမဆုံးပြု လုပ်ခဲ့ ပြီး ဖွဲ့ စည်းပုံဆိုင်ရာ ပြည်သူ့ ကွန်ယက် (ရှမ်းပြည်နယ်)ကိုဖွဲ့ စည်းခဲ့ ပြီး၊ ကျန်မြို့များဖြစ်သော အောင်ပန်း၊ ညောင်ရွှေ၊ ဖယ်ခုံ နှင့် လားရှိုးမြို့ များတွင်လဲ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထွက်ပေါ်လာသော ဖွဲ့ စည်းပုံဆိုင်ရာ ပြည်သူ့  သဘောထား များကို လွှတ်တော်ထဲထိ ရောက်အောင် တင်ပြသွားမည် ဖြစ်ကြောင်း ပြောပါသည်။

ဦးစီးကျင်းပသူ တစ်ဦးဖြစ်သော ကိုအောင်ဇေမှလည်း``ဒီကွန်ယက်ကိုရေရှည် ဖွဲ့ စည်းသွားပြီး၊ ဖွဲ့ စည်းပုံ ဆိုင်ရာ ဥပဒေများကို အမြဲတမ်း၊ စောင့်ကြည့် ထိန်းညှိသွားရန်နှင့် နောင်တချိန်တွင် ပင်လုံကဲ့သို့ သောညီလာခံတစ်ခု ခေါ်ယူ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားပါတယ်``ဟုပြောပါသည်။

တောင်ကြီးမီဒီယာ

No comments:

Post a Comment