Pages

Tuesday, December 24, 2013

ကချင်ပြည်နယ်တွင် နှစ်ရက်အတွင်း ဘိန်းစိုက်ခင်း ၄၁ ဧက ဖျက်ဆီးနိုင်ခဲ့ဟုဆို



24.12.2013

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးရာသီ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု နှိမ်နင်းရေး စီမံချက်များကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက် ရှိရာ နှစ်ရက်အတွင်း ဘိန်းစိုက်ခင်း ၄၁ ဧကကို ဖျက်ဆီး နိုင် ခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဗညားဦးက ပြောကြားသည်။

စီမံချက်စတင်သည့် ဒီဇင်ဘာလ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှ ၃၃ ဧကနှင့် ဖားကန့်မြို့နယ် ဝရာဇွပ် ကျေးရွာအနီးမှ ရှစ်ဧကကို ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ဝိုင်းမော်မြို့နယ် အတွင်းရှိ ကန်ပိုက်တီး မြို့နယ်ခွဲနှင့် ဝေမိုးကျေးရွာ အနီးတစ်ဝိုက်တွင်လည်း ဘိန်း စိုက်ပျိုး ထုတ်လုပ် မှု နှိမ်နင်းရေး ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရဲမှူးကြီး ဗညားဦးက ဆက်လက်ပြော ကြားသည်။

“ဒီနယ်မြေတွေက လုံခြုံရေးအဆင့် သတ်မှတ်ချက်အရ အညိုရောင် အဆင့်ရှိတဲ့ နယ်မြေတွေဖြစ်ပြီး တပ်အပါအဝင် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး နှိမ်နင်းမှုတွေ ပြုလုပ်နေပါတယ်။ အချိန်ကာလ အားဖြင့် နှစ် ပတ်ကြာ အထိ နှိမ်နင်းရေး လုပ်ငန်းကို ပြုလုပ်သွားမယ်” ဟု ရဲမှူးကြီးက ဆိုသည်။

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု နှိမ်နင်းရေး လုပ်ငန်းများကို နှစ်စဉ် ဘိန်းစိုက်ပျိုး ရာသီဖြစ်သော စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ တို့တွင် ပြုလုပ်လေ့ရှိပြီး ၂၀၁၂ ခုနှစ် ဘိန်းစိုက်ပျိုး ရာသီတွင် ကချင်ပြည်နယ်တစ်ဝန်းရှိ ဘိန်းစိုက်ခင်းဧက စုစုပေါင်း ၆၁၈ ဒသမ ၅ ဧကကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ စာရင်းဇယားများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment