Pages

Thursday, December 26, 2013

မျှော်စင်ကျွန်းတွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

26.12.2013

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီးမြန်မာမီဒီယာဂရုပ်မှ စီစဉ်ကာ မန္တလေးရမ်နှင့် ဆီလီဗင်း အသည်းအား ဆေးတို့မှ ပံ့ပိုးကူညီသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်မည်ဖြစ်သည်။

ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ငါးချီတွဲဆိုင်းလေးဆိုင်း၊ လေးချီတွဲဆိုင်းလေးဆိုင်း နှင့် မျိုးဆက်သစ်တွဲဆိုင်း သုံးဆိုင်း စုစုပေါင်းတွဲဆိုင်း ၁၁ဆိုင်း ပါဝင်မည်ဖြစ်သည်။ ငါးချီတွဲဆိုင်းများမှာ သားသား (T&T) နှင့် စောအုန်းမြင့်(အလင်းရောင်)၊ စောပရေမှူး (T&T)နှင့် ကျန်စစ်အောင်(အလင်းရောင်)၊ ရဲမြတ်အောင် (၀ါဆို) နှင့်အားမာန်(T&T)၊ ရန်တိုင်းကျော်(၀ါဆို)နှင့်စောသဲဦး(T&T)တို့ ဖြစ်ကြသည်။ ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် နာမည်ကျော်ရိုးရာလက်ဝှေ့ ကစား သမားများ မပါဝင် သော်လည်း ရေကုန်ရေခမ်းထိုးသတ်မည့် လက်ဝှေ့ကစား သမားများဖြစ် ကြကြောင်း ပွဲစီစဉ်သူတစ်ဦးမှ ပြောကြားခဲ့သည်။

ထို့ပြင် လက်ဝှေ့ပွဲပြီးဆုံးပါက လက်ဝှေ့ပရိသတ်များ အပြန်ခရီးအဆင်ပြေ စေရန် အခမဲ့လိုက်ပါနိုင်မည့် မထသ ဘတ်စ်ကားကြီးများ စီစဉ်ထားသည်။ လက်ဝှေ့ပွဲ လက်မှတ်ဈေးနှုန်းများကို ရိုးရိုးတန်း ကျပ် ၇၀၀၀ နှင့် အထူးတန်းကျပ် ၁၀၀၀၀ အဖြစ် သတ်မှတ်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment