Pages

Wednesday, December 18, 2013

မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီဒေသများတွင် KIA မှ ဆက်ကြေးကောက်ခံမှုများရှိနေ

18.12.2013

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီချောင်း အရှေ့ခြမ်းရှိ တောင်သူလယ်သမားထံမှ တစ်အိမ်ထောင် လျှင် ငွေကျပ် ၅၀၀၀၀ ဆက်ကြေး ပေးဆောင်ရန် KIA မှ တောင်းဆိုစာများပို့ခဲ့ပြီး ဆက်ကြေးကောက်ခံမှုများ ရှိနေတယ်လို့ ဆားမှော်ဒေသခံများမှတဆင့် သိရှိရသည်။

ဒုတိယတိုက်နယ်မှူး ဗိုလ်လမုန်တန်ဂွန်း ဦးဆောင်သော KIA အဖွဲ့သည် ၂၀၁၃-ခု၊ နိုဝင်ဘာလ(၁၅)ရက်နေ့ကတည်းက ဆားမှော်နှင့်(၃)မိုင်အကွာ အရှေ့ဘက်ကမ်း ဆွန်နိမ်ကွင်းသို့ လက်နက်များကို နွားလှည်းပေါ်၌ စပါးရိုးဖြတ်(ကောက်ရိုး)များဖြင့် ဖုံးကာ သယ်ဆောင် ရောက်ရှိလာခဲ့ကြပြီး၊ယင်းအဖွဲ့၏ အမာခံသတင်းပေးများမှတစ်ဆင့် ဆားမှော်နှင့် တောင်နီချောင်း အရှေ့ခြမ်းရှိ တောင်သူလယ်သမားထံ ဆက်ကြေးပေးဖို့ တောင်းဆိုစာ များ ပေးပို့ခဲ့တာဖြစ်တယ် လို့ တောင်နီဒေသခံ တစ်ဦးမှ ပြောကြားသည်။

ဗိုလ်လမုန်တန်ဂွန်း ဦးဆောင်သော KIA အဖွဲ့၏ ဆက်ကြေးကောက်ခံမှုအတွက် ပစ္စည်းများလက်မခံဘဲ ငွေသားဖြင့် ကျပ် ၅၀၀၀၀ ပေးဆောင်ရန် တောင်းခံခဲ့ပြီး ထိုတိုက်နယ်အကောက်စခန်းရဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်မှာ ဗိုလ်ကြီးမုန်ဆန် ဖြစ်တယ် လို့ ပြောဆိုပါတယ်။

တောင်းခံသည့် ဆက်ကြေးငွေမှာ - တစ်အိမ်ထောင်လျှင် ဆန် တစ်တင်းခွဲ၊ ဆား တစ်ပိဿာဖိုး၊ အိမ်ထောင်စုစာရင်းခ-၂၀၀၀၊ KIA/KIO ဆွတ်လေယန် အကောက်ရုံးအတွက်၊ ၂၀၁၃-ခု ခရစ္စမတ်ကြေး၊ သွားလာနေထိုင်ကြေး(မြေနင်းခ)၊ KIA-စစ်ထောက်ပံ့ကြေး စသည်ဖြင့်၂၀၀၀၀ - စုစုပေါင်း ၅၀၀၀၀ ကျပ် တောင်းခံခဲ့ပြီး ယခုနှစ် ဆက်ကြေးကောက်ခံခြင်းသည် ယခင်နှင့်မတူဘဲ လက်နက်ကိုင်အစုအဝေးဖြင့် လာရောက် ကောက်ခံနေခြင်းကြောင့် ဒေသခံလူထုမှာ ထိတ်လန့်ကြောက်ရွံ့ကာ မဖြစ်မနေ ပေးဆောင်နေကြရပါတယ်လို့ အဆိုပါ တောင်နီဒေသခံကပဲ ပြောကြားသွားပါသည်။

ဧရာဝတီမြစ်ဖျားဆီက

No comments:

Post a Comment