18.12.2013
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင်၂၀၁၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက်ယူမည့်အဖွဲ့၏ လုံခြုံရေးကို ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က တာဝန်ယူ သွားမည်ဟု တောင်ကြီးမြို့ရှိ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ခွန်သောမက်က ဒီဇင်ဘာ ၁၇ရက်တွင် ပြော သည်။
“မြို့နယ် လ.၀.က ပိုင်းကလည်း လုံခြုံရေးအကြောင်းပြပြီး ဝေးလံတဲ့ ကျေးရွာတွေကို မသွားနိုင်ဘူး။ ဒီ တော့ သူတို့မသွားနိုင်တဲ့ဒေသကို အဖွဲ့ချုပ်က သူတို့ လုံခြုံရေးအတွက်ကော၊ ဒေသခံတွေ အကျိုး အတွက် ပါ သန်းခေါင်စာရင်းကောက်ယူတဲ့အခါမှာ ပူးပေါင်းပြီး ဆောင်ရွက်ပေးသွား မှာဖြစ်တယ်” ဟု ခွန်သောမက် က ပြောသည်။
PNLO ဌာနချုပ်တည်ရှိရာ မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ကျေးရွာ ၅၄ ရွာရှိပြီး ကျေးရွာများရှိ လူဦးရေစာရင်း မှန်မှန်ကန်ကန် ရရှိနိုင်ရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။
သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်ကို ဒေသခံများ နားလည်စေရန် ကူညီပေးသည့်အနေဖြင့် ဒီဇင် ဘာ ၈ ရက်က ကဒူးကြီးဒေသရှိ အဖွဲ့ချုပ် ရုံးတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များကို ခေါ်ယူ ရှင်းပြပေးခဲ့သေးသည်။
Mizzima - News in Burmese

No comments:
Post a Comment