Pages

Friday, December 13, 2013

RCSS အဖွဲ့ဝင်များနှင့် ရှမ်းဒုက္ခသည်များ မှတ်ပုံတင်ရရေး မသေချာသေး

13.12.2013

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် အစိုးရတို့ သဘောတူညီထားသည့် RCSSအဖွဲ့ဝင် များအပါအ၀င် ရှမ်းဒုက္ခသည် များကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးကို ၂၀၁၄ သန်းခေါင်စာ ရင်း ကောက်ယူမှုပြီးမှသာ လုပ်ငန်းစတင်နိုင်မည်ဟု လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းဌာနမှ အကြီးတန်းအရာရှိကဒီဇင်ဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

“သဘောတူညီမှုရှိပေမယ့် ဦးတို့ မစနိုင်သေးဘူး။ ရှိပြီးသားလူတွေကိုလည်း မပေးနိုင်ဘူး။ ရှိပြီးသားလူ တွေကိုလည်း ထပ်ပေးလို့ မဖြစ်ဘူး။ ဒီလူတွေက မှတ်ပုံတင်ရှိပြီးသားသူ ဟုတ်မဟုတ်ကို ကွင်းဆင်းစိစစ်ပြီးမှသာ ပေးလို့ရမှာပါ”ဟု ဆိုသည်။

RCSS နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးရာတွင် RCSS အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ၎င်း၏ထိန်းချုပ်နယ်မြေထဲတွင် နေထိုင်သူများကို နိုင်ငံ သားစိစစ်ရေးကတ် ထုတ်ပေးရန်အပြင် စုစုပေါင်း အချက် ၃၂ ချက် သဘောတူညီခဲ့သည်မှာ နှစ်နှစ်ပြည့် မြောက်ပြီဖြစ်သည်။

သို့သော် သဘောတူညီမှုများထဲမှာ နှစ်ချက်ကိုသာ အကောင်အထည်ဖော်ရသေးသည်ဟု RCSS ၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဒီဇင်ဘာလ ပထမပတ်တွင် မဇ္ဈိမကို ပြောခဲ့သည်။

RCSS ၏ ပြန်ကြားရေးတာဝန်ခံ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းမိဏ်းက “အရင် တုန်းကတော့ သူတို့ သန်းခေါင် စာရင်းကောက်ဖို့အတွက် အချိန်မပေးနိုင်သေးဘူးလို့ ပြောတာရှိပါတယ်။ ဒါပေမဲ့ မြစ်ကြီးနားဆွေးနွေးပွဲမှာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းလှနဲ့ ဦးခင်ရီ တို့ ဆွေးနွေးထားတာ ရှိပါတယ်။ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် မရပ်စဲသေးတဲ့အတွက် လုပ် ပေးလို့ မရသေးဘူးလို့ ပြောတာရှိပါတယ်”ဟု လွယ်တိုင်းလျန်းဒေသတွင် ပြုလုပ်သော ရှမ်းနှစ်သစ်ကူးပွဲ အပြီး မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

RCSS နှင့် ထိုင်းအခြေစိုက် ရှမ်းအဖွဲ့အစည်းတချို့ ပြုစုထားသည့် စာရင်းအရ နိုင်ငံသားစိစစ်ရေးကတ် ပြား မရရှိသေးသည့် ရှမ်းဒုက္ခ သည်ပေါင်း ၈,၀၀၀ ရှိကြောင်း ဒု-ဗိုလ်မှူးကြီးစိုင်းမိဏ်းက မဇ္ဈိမကို ပြော သည်။

လွယ်တိုင်းလျန်းဒေသရှိ IDP စခန်း ရပ်ကွက်(၄)မှ စာရေး ဦးစိုင်းထွန်းက “ဒီမှာ မှတ်ပုံတင်မရှိတဲ့သူက များတယ်။ မြို့ထဲကလူတွေ ကတော့ ရှိတယ်။ အများအားဖြင့် ရွာကလာတဲ့သူတွေကတော့ ဘာအ ထောက်အထားမှ မရှိကြဘူး။ ပြန်ဖို့က SSA က မှတ်ပုံတင်ရအောင် ညှိနှိုင်းပေးနေတယ်”ဟု ပြောသည်။

လက်ရှိတွင် RCSS လက်အောက်တွင်ပင် ဒုက္ခသည်စခန်း ငါးခုရှိနေပြီး လွယ်တိုင်းလျန်းဒေသရှိ ဒုက္ခ သည်စခန်းတစ်ခုတည်း၌ပင် ခိုလုံနေသော ရွှေ့ပြောင်းဒုက္ခသည် ၃,၅၀၀ မှ ၃,၈၀၀ အတွင်း ရှိနေပြီး ရှမ်းရွှေ့ပြောင်းဒုက္ခသည် စုစုပေါင်း ၇,၀၀၀ ခန့်ရှိသည်ဟု ဦးစိုင်းမိဏ်းက ဆိုသည်။

Mizzima

No comments:

Post a Comment