Pages

Tuesday, January 21, 2014

တောင်ကြီးမြို့ သားငါးကုန်ခြောက်ဈေးသစ်ရှိ ပျံကျဈေးဆိုင်များ ပြောင်းရွှေ့ ရန်ညွှန်ကြား

21.1.2014

တောင်ကြီးမြို့၊ မြို့မဈေးကြီးအနီးရှိ အသစ်ပြန်လည် တည်ဆောက်လျက်ရှိသော သားငါး ကုန်ခြောက် ဈေးနေရာအတွင်း ဈေးမရောင်းရဟု တားမြစ်ဆိုင်းဘုတ်များ ချိတ်ထားသော် လည်း ဈေးရောင်းချနေမှု များရှိနေသေးရာ ဇန်န၀ါရီ ၂၁ ရက်တွင် အဆိုပါပျံကျဈေးတန်း ကို ရွှေ့ပြောင်းမည်ဟု မြို့မဈေးကြီးတာ ၀န်ခံဦးခင်အေးက မဇ္ဈိမကို ပြောသည်။

“သည်ဈေးသည်တွေလည်း ဘေးကင်းအောင် သူတို့စားဝတ်နေရေးလည်း မပျက်အောင် ကျွန်တော်တို့ လမ်းမတော်ရပ်မှာရှိတဲ့ အထက (၃) ကျောင်း လမ်းဘေးမှာ ထုံးစည်းတွေ ဆွဲပေးထားပါတယ်၊ အဲဒီဘက် ကို မနက်ဖြန် ကစတင်ပြီး ပြောင်းရွှေ့ ရောင်းချခိုင်းပါမယ်”ဟု ဇန်န၀ါရီ ၂၀ ရက်တွင် ၎င်းက ပြောသည်။

ပြောင်းရွှေ့ရောင်းချခြင်း ပြုလုပ်နိုင်ရန်အတွက်လည်း သားငါးကုန်ခြောက်ဈေးနေရာအတွင်း အပြင် ဘက် ၌ ဈေးမရောင်းရဟု တားမြစ်ဆိုင်းဘုတ်များအောက်၌ ရောင်းချနေကြသည့် ပျံကျဈေး သည်များ အား ဇန် န၀ါရီ ၁၉ ရက်က ခေါ်ယူတွေ့ ဆုံ ပြောပြပေး ပြီးဖြစ်ကြောင်း ဦးခင်အေးက ဆိုသည်။

အသစ်ပြန်လည် တည်ဆောက်လျက်ရှိသော သားငါးကုန်ခြောက်ဈေး အပြင်ဘက်နံရံဘေးတွင် ထွက် နေသည့် ပြန်ကျဈေးသည် ၂၈ ဦးခန့် ရှိနေသေးကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာ နစာရင်းများအရ သိရသည်။

ပျံကျဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဈေးသည်တစ်ဦးက “အဆောက်အအုံဆောက်နေလို့ အန္တ- ရာယ်ရှိမှန်းတော့ သိပါတယ်၊ စားဝတ်နေရေး အဆင်မပြေလို့ ရောင်းနေရတာပါ။ သည်နေရာမှာ ရောင်း လာတာလည်း ငါးနှစ်လောက်ရှိနေပါပြီ”ဟု ပြောသည်။

အထက(၃) ကျောင်းလမ်းဘက်သို့ ရွှေ့ပြောင်းရောင်းချရမည့် ဈေးသည်များသည် ဟင်းသီးဟင်းရွက် ကုန်ခြောက်ရောင်းသူများဖြစ်ပြီး သားငါးရောင်း ချနေသူများကိုမူ တပင်ရွှေထီးလမ်း နာရီစင်အနီးတွင် ယာယီ တည်ဆောက်ပေး ထားသည့် သားငါးရောင်းချရာနေရာ သို့ ရွှေ့ပြောင်းနိုင် ရန် ပြောဆို သွားမည်ဖြစ် ကြောင်း တောင်ကြီးမြို့၊ မြို့မဈေးကြီးတာဝန်ခံ ဦးခင်အေးက ပြောသည်။

တောင်ကြီးမြို့သားငါးကုန်ခြောက်ဈေး အသစ်တည်ဆောက် ရန် တောင်ကြီးမြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် မေ ၃ ရက်က တင်ဒါရွေးချယ်ပွဲပြုလုပ်ခဲ့ပြီး တင်ဒါလျှောက်လွှာ ကုမ္ပဏီပေါင်း ခု နစ်ခုဖြစ်သည့် Creation Myanmar Group Co., Ltd၊ ရှမ်းရိုးမကုမ္ပဏီ၊ Maroon Matrix Company၊ သီဟ ဆောက်လုပ်ရေးကုမ္ပဏီ ၊ တောင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီ၊ အိမ်တော်ကြီး ဆောက်လုပ်ရေးကုမ္ပဏီ၊ ATM Group Company တို့ထဲမှ သီဟ ဆောက်လုပ်ရေး ကုမ္ပဏီက သားငါးကုန်ခြောက်ဈေး တည် ဆောက်ရန် တင်ဒါအောင်မြင်ခဲ့သည့်အတွက် တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment