Pages

Saturday, January 11, 2014

မသန်စွမ်း အားကစားပြိုင်ပွဲမှာ မြန်မာကစားသမားတွေ ဆုရရင် ထိုက်တန်စွာ အားပေးမည်ဟု သမ္မတပြော

11.1.2014

၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာပါဝင်တဲ့ မြန်မာ အားကစားသမားတွေ ဆုတံဆိပ် ရရှိ ခဲ့ရင် ထိုက်ထိုက်တန်တန် အားပေးမယ် လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ဇန်န၀ါရီလ ၁၀ ရက်နေ့က ပြိုင်ပွဲဝင်မယ့် အားကစား သမားတွေနဲ့ တွေ့ဆုံအားပေးခဲ့စဉ်မှာ ပြောဆို ခဲ့တာပါ။

၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပမှာ ဖြစ်ပါတယ် ။ မြားပစ် ၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ ၇ ယောက် တဖက်ဘောလုံး၊ ၅ ယောက် တဖက်ဘောလုံး၊ ဂိုးလ်ဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက် ဘော်လီ ဘောနှင့် ဘီးတပ်ဘတ်စကက်ဘော အားကစားနည်း ၁၂ မျိုးကို ထည့်သွင်းကျင်းပမှာပါ ဖြစ်ပါတယ်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ(၁၁)နိုင်ငံက မသန်စွမ်းအား ကစားသမား ၁၁ဝဝ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင် မှာ ဖြစ်ပါတယ်။
 
DVB

No comments:

Post a Comment