Pages

Friday, January 17, 2014

ထိုင်းဝန်ကြီချုပ် နုတ်ထွက်ရေး ဆက်လက်ဆန္ဒပြ

17.1.2014

ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် ယင်းလပ်ကို နုတ်ထွက်ပေးဖို့ ဒုဝန်ကြီးချုပ်ဟောင်း ဆူထေ့ပ်က ဦးဆောင်တဲ့ ပိတ်ဆို့ ဆန္ဒပြသမားတွေဟာ ဒီနေ့ လုံပနီပန်းခြံကနေစပြီး ချီတက်ကြပါတယ်။

ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းသွားစေဖို့ စခန်းချရာ အဓိက လမ်းဆုံးကြီး ၇ ခု သပိတ် စခန်းတွေ ဆီကနေ နေ့စဉ် အခုလိုပဲ ချီတက်နေကြတာ ဖြစ်ပါတယ်။ဒီနေ့ ချီတက်ပွဲမှာတော့ ဆန္ဒပြသူ အရေအတွက် အရင်နေ့တွေကထက် လျော့ကျ သွားပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ်က အစိုးရကို အကျင့်ပျက်တဲ့အစိုးရလို့ စွပ်စွဲ လိုက်ပြီး ထောင်ကျမယ် လို့ ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ ၂၀၁၁ ခုနှစ်တုန်းက စပါးဈေးကျနေချိန်မှာ လယ်သမားတွေကို ကူညီဖို့ ဆိုပြီး အစိုးရအစီအစဉ်နဲ့ စပါးဈေးကို မြှင့်ပြီး ၀ယ်ပေးခဲ့ပါတယ်။

အဲဒီ အစီအစဉ်ကြောင့် ပြည်သူ့အခွန်ငွေ ထိုင်းဘတ် ၄၂၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံ) နီးပါး ကုန်ကျခဲ့ပါတယ်။

အစိုးရဂိုဒေါင်မှာ လှောင်ထားတဲ့ ဆန်တွေကို ၀ယ်သူ ပေါ်အောင် အစိုးရ မစီစဉ်နိုင်လို့ ဆုံးရှုံးမှုပမာဏ ပိုများခဲ့တာလို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော် ဆန်စပါးကော်မတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ၀န်ကြီးချုပ် ယင်းလပ် အနေနဲ့ အမှု ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

DVB

No comments:

Post a Comment