Pages

Tuesday, February 18, 2014

ခိုလမ်ရေ ပူစမ်းတွင် လာရောက် အပန်းဖြေ သူများ ယခင် နှစ်ထက် ပိုမို များပြား လျက်ရှိ



18.2.2014

ရှမ်းပြည် နယ် (တောင်ပိုင်း) နမ့်စန် မြို့နယ် ခိုလမ် မြို့နယ်ခွဲ အနီးရှိ ရေပူ စမ်းသို့ ရေပူစိမ် အပန်းဖြေ လာရောက် သူများ ယခင် နှစ်များထက် ပိုမို များပြား လာကြောင်း သိရသည်။

အဆိုပါ ရေပူစမ်း သည် ခိုလမ်မြို့မှ ၇ မိုင်ခန့်အကွာ တွင်ရှိပြီး ခိုလမ်မြို့ပေါ်မှ ဒေသခံများ၊ ပတ်ဝန်းကျင် ကျေးရွာ အုပ်စု များမှ ဒေသခံ များအပြင် လွိုင်လင်၊ နမ့်စန်၊ ကွန်ဟိန်းနှင့် ကာလိမြို့နယ် တို့မှ ဒေသခံများပါ မိသားစုလိုက် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီ များဖြင့် လာရောက် ကြပြီး ညအိပ်အ ပန်းဖြေ လာကြ သူများဖြင့် စည်ကားလျက် ရှိသည်။

အဆိုပါ ရေပူစမ်းတွင် ဒေသ ဓလေ့အရ လပြည့်လ ကွယ်နေ့ များနှင့် နေ့ထူး နေ့မြတ် ရက်များတွင် ပိုမိုစည်ကား လျက် ရှိကြောင်း သိရသည်။ ရေပူစထွက်ရာ နေရာနှင့် မိုင်ဝက်ခန့် အကွာတွင် နမ့်တိန်း ချောင်းရှိပြီး ၎င်းနေရာတွင် ရေပူစမ်းမှ စမ်းချောင်း ကလေး စီးဝင်သဖြင့် ရေပူနှင့် ရေအေး နှစ်မျိုး သုံး စွဲနိုင်သည့်အတွက် လာရောက် အပန်းဖြေသူ များ အကြိုက်တွေ့ နှစ်သက်လျက် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment