19.2.2014
သျှမ်းပြည်နယ်လုံးဆိုင်ရာ ၄၈ ကြိမ်မြောက် သထုံမူလမင်းကွန်း ဓမ္မသဘင် ညီလာခံကို ယခုနှစ် သျှမ်း ပြည်တောင်ပိုင်း မိုင်းနောင်မြို့တွင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
“ဖေဖော်ဝါရီလ ၂၈ မိုင်းနောင်မှာ ဆုံကြမယ်။ မတ်လ ၁ ရက် ၂ ရက်နဲ့ ၃ ရက်နေ့ ဓမ္မသဘင် ညီလာခံ ကျင်းပမယ်။ မိုင်းနောင်မြို့မင်္ဂလာရန်အောင်ကျောင်းတိုက်မှာ ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်” ဟု မိုင်းနောင်မြို့ခံ စိုင်းဆု ကပြောသည်။
ယခုနှစ်သည် သျှမ်းပြည်တွင်း သထုံမူလမင်းကွန်း ဝိပဿနာကမ္မဌာန်းကျင့်ကြံအားထုတ်မှုလမ်းစဉ် စတင်ခဲ့သည့် မိုင်းနောင်မြို့ဆရာတော် အဂ္ဂမဟာပန္တိတ ဘန္တန္ဒ ပန္တိတ၏ နှစ် ၁၀၀ ပြည့်မွေးနေ့ဖြစ် သည်နှင့် အညီ ကျေးဇူးဆပ်သည့်အနေဖြင့် ၄၈ ကြိမ်မြောက် ညီလာခံသဘင် ပြုလုပ်ရန် ယမန်နှစ် ၄၇ ကြိမ်ညီလာခံ ကတည်းက တောင်းဆိုထားခဲ့ကြခြင်းဖြစ်ကြောင်း မိုင်းနောင်မြို့မိမြို့ဖ တဦးကပြောသည်။
“ဒီညီလာခံသဘင်ကို သျှမ်းပြည်ထဲက ကမ္မဌာန်းကျောင်းတိုက်ရှိရာမြို့တွေမှာ တနှစ်တကြိမ်လှည့်ပြီး တော့ ကျင်းပပါတယ်။ ကမ္မဌာန်းလမ်းစဉ်ကိုလိုက်နာကျင့်သုံးတဲ့ အနယ်နယ်အရပ်ရပ်က ဒကာ ဒကာမ တွေက လာရောက်ပြီးတော့ တရားနာကြပါတယ်။ သျှမ်းပြည်တဝှမ်းကလာတဲ့ဧည့်သည် တွေဖြစ်တဲ့ အတွက် အလှူရှင်လက်ခံတဲ့ မြို့နယ်က တာဝန်တအားကြီးပါတယ်။ ကျနော်တို့မြို့မှာ တရားစခန်းဖွင့် တာ ၄၄ ကြိမ်ရှိပါပြီ ။ ဒါပေမယ့် ညီလာခံကိုတော့ ဒီနှစ်မှ ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်” ဟုလည်း အဆိုပါ ရပ်မိရပ်ဖက ပြောဆိုပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့ ကျောင်းတိုက်ကို ဆရာတော် ဘန္တန္ဒ ပန္တိတက ကောဇာသက္ကရာဇ် ၁၂၉၉ တွင် ကျောင်းထိုင်တော်မူပါသည်။ ၁၃၂၇ ခုနှစ်တွင်စတင်၍ ဆရာတော်က ကမ္မဌာန်းတရား အားထုတ်စခန်း စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့တိုင် ဖြစ်ပါသည်။ ဆရာတော်သည် မိုင်းနောင်မြို့တွင် သာမ က သျှမ်းပြည်တွင်း ကမ္မဌာန်းတရားစခန်း ဖွင့်လှစ်ရေးအတွက် မြို့ခံများဆန္ဒရှိသော မြို့နယ်များ သို့သွားရောက်၍ ကျင့်ကြံတရားအားထုတ်နည်းများ လမ်းစဉ်များချပေးခဲ့သဖြင့် ယခုအခါ သျှမ်းပြည် အတွင်း ကမ္မဌာန်းကျင့်ကြံသည့်တရားစခန်းများစွာ ပေါ်ပေါက်လာခဲ့ပါသည်။
၄၇ ကြိမ်မြောက် ဓမ္မညီလာခံပွဲကို ယမန်နှစ်က သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။
သျှမ်းသံတော်ဆင့်

No comments:
Post a Comment