11.2.2014
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲမှာ ဖေဖော်ဝါရီလ(၁၀)ရက် နံနက် (၈း၃၀)နာရီအချိန်ခန့်က နယ်မြေခံတပ်မှ မဲခေါင်မြစ်ကြောင်း တစ်လျှောက် နယ်မြေရှင်းလင်း ဆောင် ရွက်နေစဉ် အတွင်း ပိုင်ရှင်မဲ့ ကဖင်းများအား ရှာဖွေတွေ့ရှိရ၍ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်သို့ အဆိုပါနေ့မှာပင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ နယ်မြေခံတပ်မှ ဗိုလ်ကြီးတစ်ဦးမှ ဦးဆောင်သည့် တပ်စိတ်(၁)စိတ်သည် မဲခေါင်မြစ်ကြောင်း တစ်လျှောက် နယ်မြေရှင်းလင်းနေစဉ် မင်္ကာဖွယ်ရာ Ellse စာတမ်းပါသည့် အလျား(၁)ပေခွဲ၊ အနံ(၁)ပေခန့်ရှိ ဂျပ်ဖာ(၂)ဖာအား တွေ့ရှိရ၍ ၎င်းတို့မှ ဖွင့်ဖောက်ကြည့်ရာ ဂျပ်ဖာအတွင်း၌ မြွေရေခွံ အိတ်ဖြင့် ထုတ်ပိုးထားပြီး ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် (၁)အိတ်လျှင် ကဖင်းမှုန့်အလေးချိန် (၂၅)ကီလိုစီပါသည့် (၂)အိတ်ကို ရှာဖွေတွေ့ရှိရာ အဆိုပါ ကဖင်းများ၏ ကာလတန်ဖိုးမှာ စုစုပေါင်း ငွေ ကျပ် (၃၈)သိန်းခန့် ရှိကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ ပိုင်ရှင်မဲ့ ကဖင်းများအား မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ လွှဲပြောင်း လက်ခံရယူပြီး ကျိုင်းလပ်မြို့နယ်ခွဲရဲစခန်းမှ မယ(ပ)၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
Tachileik Online News

No comments:
Post a Comment