Pages

Monday, February 10, 2014

ကမ္ဘာ့ပထမဆုံး ကျောက်စိမ်းစေတီ ဇူလိုင်တွင် ဖွင့်လှစ် အပူဇော်ခံမည်



10.2.2014

မန္တလေးခရိုင်၊ ဆင်ရွာမြင်းမှူးဒေသတွင် တည်ဆောက်လျက်ရှိသော ကမ္ဘာ့ပထမဆုံး ကျောက်စိမ်းစေတီ အား ၂၀၁၄ ခုနှစ် ဇူလိုင်လ၌ ဖွင့်လှစ်အပူဇော်ခံရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအ ဖွဲ့ သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က မဇ်္ဈိမ ကို ပြောသည်။

“စေတီတည်ဆောက်တဲ့လုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ လုပ်ငန်းအားလုံးကို ဇူလိုင်လ နောက်ဆုံးထား တည်ဆောက် သွားဖို့ရှိပါတယ်။ ဖွင့်ပွဲလုပ်ဖို့အတွက်တော့ ရက်သတ်မှတ်ရခြင်း မရှိသေး ပါဘူး”ဟု ၀န်ကြီးက ပြောသည်။

ကမ္ဘာ့ပထမဆုံးကျောက်စိမ်းစေတီ တည်ဆောက်ကာ ကမ္ဘာကသိ ရှိစေရန်၊ မန္တလေးတိုင်းအတွင်း အထင် ကရနေရာတစ်ခု ထပ်မံပေါ်ထွက်လာစေပြီး ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များ ပူးပေါင်းကာ စေတီတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်လလျှင် ကျောက်စိမ်းတန်ချိန်ပေါင်း ၂,၅၀၀ နှုန်းထွက်ရှိရာ တစ်နှစ်လျှင် တန်ပေါင်း သုံးသောင်း ထွက်ရှိသည်။ တစ်တန်လျှင် ကီလိုတစ်ထောင်နှုန်းရှိသည်။ အဆိုပါ ကျောက်စိမ်းထွက်ရှိမှု များကို လောလောဆယ်တွင် လက်ဝတ်ရတနာအတွက် ရောင်းဝယ်လုပ်ကိုင်လျက်ရှိရာ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်စေရန် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်မရှိသေးသော ကျောက်စိမ်းစေတီ တည် ဆောက်သွားရန် စီစဉ်ခြင်းဖြစ်သည်ဟု တည်ဆောက်မှုလုပ်ငန်း လုပ်နေသည့် အေးအေး ခိုင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးစိုးနိုင်က ပြောသည်။

ကျောက်စိမ်းစေတီတည်ဆောက်မှုနှင့်အတူ ဆင်ရွာမြင်းမှူးဒေသ ကို ကျောက်စိမ်းမြို့အဖြစ် ပြောင်းလဲ တည်ဆောက်သွားမည်ဖြစ်သည်။ လက်ရှိတွင် ကျောက်စိမ်းပြတိုက်၊ အလုပ်ရုံနှင့် ကျောက်စိမ်း ကျောက် မျက်သင်တန်းကျောင်းများကို ထိုင်ဝမ်က ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ကျောက်စိမ်းစေတီဝန်းကျင်တွင် အဆင့်မြင့်ဈေးများ၊ ဆေးကုသရေး စင်တာများ၊ ရဲစခန်းများနှင့် အိမ်ရာ များကို တည်ဆောက်သွားရန်လည်း သက်ဆိုင်ရာက စီစဉ်သွားမည်ဖြစ်သည်ဟု သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment