Pages

Monday, February 17, 2014

တောင်ကြီး ကွန်ပျူတာတက္ကသိုလ် သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

17.2.2014

ရှမ်းပြည်နယ် တောင်ကြီးမြို့ ကွန်ပျူတာ တက္ကသိုလ် သတ္တမ အကြိမ်မြောက် ကွန်ပျူတာ သိပ္ပံဘွဲ့ နှင့် ကွန်ပျူတာ နည်းပညာဘွဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝ နာရီက တောင်ကြီးမြို့ သစ်တော ရပ်ကွက်ရှိ မြို့နယ် ခန်းမ၌ ကျင်းပရာ အခမ်းအနား တွင် ကွန်ပျူတာ တက္ကသိုလ် (တောင်ကြီး) မှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ ဒေါ်နန်းဆီခမ်း မှ နှုတ်ခွန်းဆက် စကား ပြောကြားပြီး ကွန်ပျူတာ သိပ္ပံဂုဏ်ထူးဘွဲ့ ရရှိသူ ၄ ဦး ၊ ကွန်ပျူတာ နည်းပညာဘွဲ့ ရရှိသူ ၁၃ ဦး ၊ ကွန်ပျူတာ သိပ္ပံဘွဲ့ ရရှိသူ ၃၉ ဦးတို့အား ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ ဒေါ်နန်းဆီခမ်း မှ ဘွဲ့လက်မှတ်များ အသီးသီး ပေးအပ် ချီးမြှင့်ရာ ဘွဲ့ရ ကျောင်းသား ကျောင်းသူများ က လက်ခံ ရယူ ကြသည်။

အဆိုပါ အခမ်းအနား သို့ ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးများ ၊ တောင်ကြီး ကွန်ပျူတာ တက္ကသိုလ် မှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ ဒေါ်နန်းဆီခမ်း နှင့် တာဝန်ရှိ သူများ ၊ ကွန်ပျူတာ တက္ကသိုလ် ဌာနမှူးများ ၊ ဆရာ ဆရာမများ ၊ ဘွဲ့ရ ကျောင်းသား ကျောင်းသူများ ၊ ကျောင်းသား မိဘများ ၊ တက်ရောက် ကြကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment