Pages

Saturday, February 22, 2014

စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀) ဖမ်းဆီးရမိ

22.2.2014

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၁) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ကွမ်းလုံ)မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ရန်လုံကျိုင်း မုဒ်ဦး အနီး၌ လောက်ကိုင်မှ ရန်လုံကျိုင်းသို့ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ ဦးလောက်ကျင်း၏ ဆိုင်ကယ်ပေါ်မှ ဆင်းလာသူ ကွမ်းလုံမြို့နယ်၊ ကန်မိန်းအုပ်စု၊ နမ့်ကျင်ဆန်ရွာနေ မရှောက်ကျွင်း(ခ) ရန်ရှောက်ကျွင်း (၃၀)နှစ်အား ရှာဖွေခဲ့သည်။

ထိုသို့ ရှာဖွေရာ ၎င်းဆွဲလာသည့် ကြွပ်ကြွပ်အိတ် အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၆၀၀၀)၊ တန်ဘိုးငွေ ကျပ်သိန်း (၉၀)အား သိမ်းဆည်း ရမိသဖြင့် ရန်လုံကျိုင်း နယ်မြေ ရဲစခန်း မယ(ပ) ၄/၂၀၁၄၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment