Pages

Tuesday, February 18, 2014

အိုဟောင်းယာဉ်စလစ် ကျပ် ၁၀၅ သိန်းခန့်ရှိ

18.2.2014

ကားဈေးကွက်အတွင်း “အ” အက္ခရာ အိုဟောင်းယာဉ်များလျော့နည်း လာခြင်းကြောင့် အိုဟောင်းယာဉ် အပ်နှံမှုစလစ်ဈေးကျပ်သိန်း ၁၀၅ သိန်းဝန်းကျင်ရှိလာပြီး ထပ်မံမြင့်တက်လာဖွယ်ရှိသည်ဟု ကား ၀ယ်ရောင်း လုပ်ငန်း ကျွမ်းကျင်သူများက ဇန်န၀ါရီ ၁၇ ရက်တွင် ပြောသည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် “အ” အက္ခရာအိုဟောင်းကားတန်ဖိုးမှာ ကျပ် ၁၀၂ သိန်းဝန်းကျင်ဈေးရှိနေပြီး စလစ်ဈေးမှာ ကျပ် ၁၀၅ သိန်းဈေးပေါက်နေခြင်းဖြစ်သည်ဟု ယင်းတို့ကပြောသည်။

သီရိမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုကျော်နိုင်က “အခု “အ” က သိပ်မကျန်တော့ ဘူး လေ။ ဒါပေမဲ့ အင်ဂျင်ပါဝါမြင့်တဲ့ ကားတွေကိုသွင်းချင်တဲ့သူတွေကျတော့ အတင်းဈေးပေးနေတာ ဆိုတော့ ထပ်တောင်တက်လာနိုင်သေးတယ်” ဟုပြောသည် ။ ဈေးကွက်အတွင်း ကျပ်သိန်း ၁၀၀ မှ ၁၂၅ အကြား ကားများ ရောင်းအားကောင်းနေကြောင်း သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment