Pages

Tuesday, February 11, 2014

KIO/A မှ တအာင်းဒေသခံများအပေါ် တပ်သားသစ်များစုဆောင်းခြင်းနှင့် ဆပ်ကြေးများ ဆက်လက်ကောက်ခံနေ

11.2.2014

၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ ၄ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် KIO/A စစ်တပ် မန်လွယ်တိုက်နယ် ဦးဘရမ်း တောင် မှ ဖတ်ရိုင်း-ပြိန်းဟွယ်အုပ်စု နမ့်ခုမ် ၊ မာန်မောဝ် ၊ ပြိန်းဟွယ်၊ မန်အောင်စုစည်း ၊ ပန်းဆေး ၊ ပန်ကူအုပ်စု ၊ နောင်ခွန် ကျေးရွာများသို့ ၀င်ရောက် ကာ ကျေးရွာ ကြီးရင် ကြီးသလို တပ်သားသစ် ၅ဦးမှ ၁၀ဦးအထိ ကောက်ခံသည့်အပြင် ဆန်၊ဆား ပါကောက် ခံနေကြောင်းသိရသည်။

ရွာခံများမှ သတ်မှတ်ထားသောတပ်သားသစ် မပို့ပေးနိုင်သေးသဖြင့် ဆန်နှင့်ဆားကိုသာ ငွေပမာဏနှင့် တွက်ချက်၍ တစ်မိသားစုကို ငွေ(၁၇၀၀၀) တစ်သောင်းခုနှစ်ထောင်ကျပ်စီကောက်ခံပြီးပို့ပေးရန် အထက် ပါကျေး ရွာ လူကြီးများစုဆုံပြီး နမ့်ခုမ်ကျေးရွာတွင် အစည်းအဝေးပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့တွင်လည်း ဟိုနောင်အုပ်စု၊ ပန်လောကျေးရွာ တွင် ကချင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် ( ခဖရော် တိုက်နယ် -ဦးဘရန်ဂမ်) မှ ဦးဆောင်ပြီး တပ်သားသစ် အယောက် (၅၀)ပေးပို့ခိုင်းသည်။ ကျေးရွာမှ ရွာသူရွာသားများအား တောင်းသလောက်မပေးနိုင်သဖြင့် ရွာကိုယ်စား ဦးပန်းဦး အသက် (၅၀)နှစ် ၊ဦးအိုက်ဒွတ် အသက် (၄၀)၊ ဦးအိုက်လုမ် အသက် (၄၀)တို့ သုံးဦးအား မသွားမနေရသွားခိုင်းရပြီး ကျန်ရွာတွင်းရှိ တစ်မိသားစုလျင် ကျပ်ငွေနှစ်သောင်း (၂၀၀၀၀) စီကောက်ခံ စုစုပေါင်း ကျပ်ငွေသိန်းနှစ်ဆယ် (၂၀) ပို့ပေးခဲ့ရသည်။ မပို့ပေးပါက ရွာကို ၀င်ရောက် ဖျက်ဆီးမည်ဟု ပြောဆိုသောကြောင့် ရွာသားများမှာအချိန်မှီ ပို့ဆောင်ပေးခဲ့ ရကြောင်း ဒေသခံ များ မှပြောပြ ခဲ့သည်။

ပြီးခဲ့သော နိုင်ဝင်ဘာလ (၁၉ )ရက်နေ့ညတွင်လည်း ပန်လောကျေးရွာ ဒေသခံ ကျား(၆)ဦးနှင့်မ(၈)ဦး စုစုပေါင်း(၁၄)ဦး အား တပ်သားသစ်အဖြင့် ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်မှ ဖမ်းခေါ်ဆောင် သွားခဲ့သည်။ ယင်းသို့ ခေါ်ဆောင်သွားခံရသူများထဲမှ အလယ်တန်းကျောင်းသူ (၄)ဦးနှင့် ကလေးငယ် ရှိသော အမျိုးသမီး(၁)ဦး အား အဆိုပါညတွင် ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား(၆)ဦးမှာ(၁)ဦးချင်းအလိုက် မိမိတို့နည်းလမ်းဖြင့် နောက်ရက်တွင် ထွက်ပြေးလွတ်မြောက်လာကြခြင်းဖြစ်ကြောင်းသိရှိရသည်။

TSYO (Ta’ang Students and Youth Organization) Official

No comments:

Post a Comment