Pages

Tuesday, February 18, 2014

စတော့အိတ်ချိန်း စာရင်းဝင်လိုသည့် အများပိုင်ကုမ္ပဏီများ Myanmar Securities Exchange Centre တွင် လာရောက်တိုင်ပင်နိုင်

                              ဂျပန်ပညာရှင် မစ္စတာတာကာဒါက ရှင်းလင်းပြောကြားနေစဉ်

18.2.2014

၂ဝ၁၅ ခုနှစ်တွင် စတော့အိတ်ချိန်း၌ စာရင်းဝင်ဖြစ်လိုသည့် အများပိုင် ကုမ္ပဏီများသည် Myanmar Securities Exchange Centre Co.,ltd(MSEC)တွင် လာရောက်တိုင်ပင်နိုင်ကြောင်း Daiwa Institute of Research မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ ရှိဂဲတိုကာရှီဝါဇာကီက ပြောသည်။

“လက်ရှိမြန်မာနိုင်ငံမှာ Securities ကုမ္ပဏီဆိုလို့ MSEC တစ်ခုပဲ ရှိပါသေးတယ်။ ဒီလို Securities ကုမ္ပဏီတွေအများကြီး ပေါ်ပေါက်လာရေးကလည်း အရေးပါပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ Securities ကုမ္ပဏီများမှာ စတော့အိတ်ချိန်းနှင့် ရင်းနှီးမြှုပ်နှံသူ အကြားတွင် ကြားခံပွဲစား ကုမ္ပဏီအဖြစ် လုပ်ဆောင်သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ပေါ်ပေါက် လာပါက နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုအတွက် များစွာအရေးပါလာမည်ဖြစ်ကြောင်း သိရသည်။

“ရင်းနှီးမြှုပ်နှံမယ့် သူတွေက ရှယ်ယာတွေကို Securities ကုမ္ပဏီတွေကတစ်ဆင့် ဝယ်ပေမယ့် အချိန် မရွေး ပြန်ပြီးရောင်းတာ၊ ဝယ်တာလုပ်နိုင်လို့ ငွေဖြစ်လွယ်တဲ့ဈေးကွက် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်း စတင်ချိန်တွင် ကုမ္ပဏီများမှ ထုတ်ဝေသည့် ရှယ်ယာများကို ဦးစွာရောင်း ချမည် ဖြစ်သော်လည်း အနာဂတ်တွင် အခြားငွေကြေးသက်သေခံ လက်မှတ်များကို ပါ ရောင်း ချနိုင်မည် ဟု မျှော်မှန်းထားကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် အများပိုင် ကုမ္ပဏီတစ်ခုအတွက် သတ်မှတ်ချက်များတွင် ကုမ္ပဏီပိုင်ရှင်က အနည်းဆုံး ရှယ်ယာ ၁ဝ ရာခိုင်နှုန်း ပြည်သူကို ရောင်းချရန်လိုအပ်ပြီး ရှယ်ယာရှင် အနည်းဆုံး ၁ဝဝ ဦးရှိရမည်ဟု ယာယီသတ်မှတ်ထားကြောင်း Japan Exchange Group, inc မှ မစ္စတာမာဆာဟီရိုတာကာဒါက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment