Pages

Monday, June 30, 2014

တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ဘင်္ဂါလီများခိုးသွင်းသည့်အမှု နောက်ဆက်တွဲဘင်္ဂါလီဆယ်ဦး ထပ်မိ

30.6.2014

ဘင်္ဂါလီကိုးဦးအား ရန်ကုန် သို့ ခိုးပို့ရန်ကြိုးစားခဲ့သည့် လူကုန် ကူးဂိုဏ်းကို စစ်ဆေးနေစဉ်အဆို ပါအမှု၏ နောက် ဆက်တွဲအဖြစ် နောက်ထပ် ဘင်္ဂါလီဆယ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး နေပြည် တော်မှ ကွပ်ကဲမှုဖြင့် ရခိုင်ပြည် နယ်ဒုတိယရဲမှူးဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပြည်နယ်ဒုတိယရဲမှူး ဦး ဆောင်ပြီး စစစ်နေပြီ။ ဒီအမှုကအ ဖွဲ့လိုက်၊ လူကုန်ကူးဂိုဏ်းအနေနဲ့ လှုပ်ရှားနေတယ်လို့ ယူဆရတယ်။ သူတို့ ကားနဲ့သယ်ပြီး လမ်းမှာ ချထားခဲ့တဲ့ ဘင်္ဂါလီဆယ်ဦးထပ် ဖမ်းမိတယ်။ ဒါကြောင့် စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့ပြီးစစ်နေတာ’’ ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြည် နယ်အဆင့် ရဲအရာရှိတစ်ဦးက ပြောသည်။

ဇွန်လ၂၇ရက်က ဘင်္ဂါလီကိုး ဦးသယ်လာသည့် ကားတစ်စီးကို အမ်းမြို့၊ ပဲ့ပဒုံစစ်ဆေးရေးဂိတ် တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ကိုအခကြေးငွေယူ၍ ရန်ကုန်သို့ကား ဖြင့်သယ်ပို့ရန် ကြိုးစားသည့် သံ သယရှိသူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ သည်။ ဇွန်လ၂၉ရက် နံနက်တွင် ဘင်္ဂါလီ ဆယ်ဦးကို ကျောက်တော်-အမ်းကားလမ်းမ ဘေးရှောက်ချုံရွာတွင် ထပ်မံဖမ်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများက စုစုပေါင်းဘင်္ဂါလီ ၁၉ ဦးအား ရန် ကုန်သို့ ပို့ရန်စီစဉ်ခြင်းဖြစ်သည်။

‘‘ကားနဲ့ သယ်လာတဲ့သူတွေ က လူကြီးလမ်းကြောင်းလို့ပြော ပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်ဖို့ကြိုး စားတယ်ဆိုတဲ့ သတင်းတွေ က မ ဟုတ်ပါဘူးဗျာ။ ဒီအမှုနဲ့ပတ်သက် လို့ အရေးကြီးနေတော့ လိုအပ်ရင် တာဝန်ရှိသူတွေကို အချိန်မရွေး မေးစေချင်ပါတယ်။ ဒီနေ့အထိ စု စုပေါင်း ဘင်္ဂါလီ ၁၉ဦးကိုထိန်း သိမ်းထားပါတယ်’’ဟု အမ်းမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး သောင်း လွင်ကပြောသည်။

ကားဖြင့် သယ်ဆောင်လာ သူများသည် ဘင်္ဂါလီတစ်ဦးလျှင် သုံးသိန်းကျပ်ဖြင့် လူကုန်ကူးခြင်း ဖြစ်ပြီး ၎င်းတို့အား ဥပဒေပုဒ်မ ၃၆၇ဖြင့်အမှုဖွင့်ထားကာ ဘင်္ဂါလီ ၁၉ဦးကို လ၀ကဥပဒေဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment