Pages

Tuesday, October 8, 2013

"လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း အား တရားဝင်ဆန္ဒထုတ်ဖော်ခွင့် လျှေက်ထားသည့် ၀က်မှေးရွာ အား ဆန္ဒထုတ်ဖော်ခွင့်ပြု "

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း အား ဒေသခံတောင်သူများနှင့် ပြေ လည်မှုမရှိသေးသရွေ့ စီမံကိန်း အကောင် အထည်ဖော်ဆောင်မှုအားရပ်နား ထားရန် အတွက် တောင်းဆိုချက်(၅)ချက်ပါရှိသော ဆန္ဒထုတ်ဖော်ခွင့် အား လူအင်အား (၁၅၀၀)ခန့်ဖြင့် ဆာလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ၀က်မှေးရွာ မှ ကိုအောင်ဇော်ဦး နှင့် ကိုနောင်နောင် တို့ မှ အောက်တိုဘာလ(၁၀)ရက်နေ့ တွင့် ခွင့်ပြုပေးပါရန် အတွက် အောက်တိုဘာလ(၃)ရက်နေ့တွင် လျှေက်ထား ခဲ့ရာ ယနေ့ အောက်တိုဘာ(၈)ရက်နေ့ တွင့် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သလ္လာဝတီတိုင်းမ် ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"တရားဝင်စာတင်လျှေက်ထားလာရင် ခွင့်ပြုပေးပါတယ်။ အဓိကတော့ ဥပဒေနဲ့အညီ လုပ်တာကောင်းပါတယ်။ သူတို့ ၀က်မှေးရွာ အနေနဲ့ လျှောက် ထားတာကတော့ လူအင်အား(၁၅၀၀) နဲ့ အချိန်က နံနက်(၈)နာရီကနေ ညနေ(၅)ရီအထိပါ။ ကျွန်တော်ရဲတပ်ဖွဲ့မှာလည်း တာဝန်များပြီး တပ်ဖွဲ့ဝင် အင်အား အလွန်နည်းတာကြောင့် သူတို့တောင်းဆိုတဲ့ အချိန်ကိုတော့ လျှော ချပြီးပေးလိုက်ရပါတယ်။ နံနက်(၁၀)နာရီကနေနေ့လည်(၁၂)နာရီအထိပါ။" ဟု စစ်ကိုင်းတိုင်းဒေသ ကြီးရဲတပ်ဖွဲ့ မှ တာဝန်ကျအကြီတန်းရဲအရာရှိကြီး တစ်ဦးကပြောပါတယ်။

" ကျွန်တော်တို့ ရွာက ကိုအောင်ဇော်ဦး နဲ့ တစ်ယောက် ဦးဆောင်ပြီး တရား ၀င်လျှေက်လွှာတင်ခဲ့တာပါ။ ခွင့်ပြုလိုက်တယ်လို့သိရတယ်။ ခွင့်ပြုပေးတဲ့ အချိန်နဲ့ လျှေက်ထားတဲ့အချိန်နဲ့ တော်တော်လေး ကွာဟမှုတွေရှိနေလို့ အာဏာပိုင်တွေနဲ့ ပြန်လည်ညှိုနှိုင်းရအုံးမယ်လို့ သိရတယ်။"ဟု ၀က်မှေး ရွာသားတစ်ဦးက သလ္လာဝတီတိုင်မ်းကို ပြောပါတယ်။
 

No comments:

Post a Comment