Pages

Tuesday, August 28, 2012

ဘာမှမပေးဘဲနဲ့ ကားသွင်းလို့မရ ကားတစ်စီးအတွက် ကမ္ဘာကြီးက အများကြီးယူသွား


““ယနေ့ကားသွင်းတယ်ဆိုတာကောင်း  ပါတယ်။သို့သော် ဘာတွေထိခိုက်သလဲ  အကျိုးအမြတ်က ဘာတွေလဲ  ကား ကောင်းကြီးစီးလို့ရောပြီးပြီထင်သလား။ နေရာတိုင်းမှာ အကြောင်းအကျိုးဆိုတာ  ရှိတယ်။ဒါတွေခံစားရမယ်လို့ဆိုတာလည်း သိထားဦးဟုဆိုသည့် His Care Service  မှဦးမောင်မောင်ရဲ့အမြင်ကို တင်ပြလိုက်  သည်။
ကျွန်တော်ကတော့ လူပိန်းပြောပြော ချင်တာ လူပိန်းဆိုတာမြင်ရတာကိုပဲပြော ချင်တယ်။မမြင်ရတာတွေကိုတွေးခေါ်ဆင် ခြင်ပြီးတော့ ဝေးဝေးလံလံ အထာတွေ နဲ့ကျွန်တော်မပြောလိုပါဘူး။ Technical သမားဆိုတော့ လက်တွေ့ဆန်တယ်လို့ ပြောချင်လည်းပြောပါ။အပြင်မှာ(၂၅)နှစ်  လောက် အလုပ်လုပ်တယ်။အဲဒါက ရေနံ  နဲ့သဘာဝဓာတ်ငွေ့မှာ  Technical တစ်ယောက်အနေနဲ့လုပ်ခဲ့တာ၊ ဒီပြန်ရောက်တော့လည်း Workshop လေးထောင်ထားတယ်။ထောင်တယ်  ဆိုတာကလည်း ကိုယ်သင်ပေးတဲ့ တပည့် တွေလုပ်ကိုင်စားသောက်လို့ရအောင်လို့ ပါ။သင်ထားတဲ့ပညာကိုအသုံးချလို့ရအောင်  ပါ။အစိုးရဆီမှာမှတ်ပုံတင်ပြီး ကားဝပ် ရှော့လေးထောင်တယ်အဲဒီလိုထောင်တာ က လက်တွေ့ကျကျလုပ်လို့ရအောင်  On the Job Training (OJT) လုပ်ခဲ့တယ် ပေါ့ဗျာ။ဒီလိုပြောတာကလည်းကျွန်တော် ဘ၀ရဲ့အခြေအနေသိမှလည်းသူဘာကြောင့် ဖြစ်  ရသလဲဆိုတာခန့်မှန်းလို့ရမှာပါ။
အခုကားတွေသွင်းတယ်ဆိုတာ ကျွန်တော်တို့ဘက်က ဘာမှမပေးဘဲနဲ့  သွင်းလို့ရတာမဟုတ်ဘူး။ကားသွင်းရင်တစ်  ခုခုတော့ပေးလိုက်တယ်အရင်လမ်းစဉ်ပါတီ  အစိုးရ လက်ထက်က 2000 CC အထက်  ပေးမသွင်းဘူး။ကားတွေဆီစားမှာစိုးလို့  အဲဒီတော့ ပြောချင်တာက ဘာပစ္စည်းမှ မပေးလိုက်ရ မထွက်သွားဘဲနဲ့ပြန်ရတာ ဘာမှမရှိဘူး။  ဒီပေါ်လစီလေးကို နားလည်ဖို့လိုတယ်။အခု လူတွေက ကိုယ်ဘာထွက်သွားသ လဲဆိုတာမမြင်ဘူး အကုန်လုံးပုန်း ကွယ် နေတယ်။ဆီစားများတဲ့ကားတွေသွင်းပြီး ဆီရောင်းကောင်းလို့ကျေနပ်မနေသင့်ကြ ဘူး။၁၉၈၀ခုနှစ် နှောင်းပိုင်းတွင်ကားသွင်း ခွင့်တွေရကြတဲ့ သင်္ဘောသားတို့၊ပညာ တော်သင်တို့၊သံရုံးဝန်ထမ်းတို့တွေတုံးက လဲ နိုင်ငံရပ်ခြားမှာရှာသမျှ ရသမျှ စု ဆောင်းထားသမျှ အကုန်လုံးလိုလို Japan ကကားဝယ်ဖို့ ထားခဲ့ကြရတယ်။ကိုယ့်နိုင်ငံ ကလူတွေ မိသားစုတွေ ကားစီးရဖို့ ပေး လိုက်ရတဲ့ အဖိုးအခတွေ၊နောက်ပိုင်းကျ တော့လဲ တိုင်းပြည်ရဲ့ထွက်ကုန်တွေ သယံဇာတတွေ ပေးပြီးရုံတင်မကဘူး။ လူနဲ့ရင်းပြီး ရှာထားတာတွေပါမကျန် ကားထုတ်တဲ့နိုင်ငံတွေကိုပေးလိုက်ရတယ် သယံဇာတ်တတွေ ပေးပြီးရုံတင်မကဘူး၊ လူနဲ့ရင်းပြီး ရှာထားတာတွေပါမကျန် ကားထုတ်တဲ့နိုင်ငံတွေကိုပေးလိုက်ရတယ်၊  ကားကြောင့်ပေးလိုက်ရတဲ့ အထဲမှာ နောက်တစ်ခုအလွန်စိတ်မကောင်းစရာနဲပ  တိုင်းပြည်ချစားကုန်လောက်အောင် အဂတိမကင်းတဲ့ ဂုဏ်သိက္ခာတွေ ပေး ပစ်လိုက်ကြရပြန်တယ်။ဒီကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်ကြတဲ့သူတွေ (လက်သည်    မပေါ်သေးတဲ့ သမိုင်းရဲ့ ရာဇ၀တ်သား များ) သတိထားမိကြပါလိမ့်မယ်။ဘေးက  လူပိန်းကျွန်တော်တို့လို လူတွေတောင် မြင်ရခံစားရသေးတယ်ဗျာ။
ကျွန်တော်ဒီရောက်တော့ ကလေး တွေကို စိတ်မကောင်းကြီးစွာနဲ့တွေ့လိုက်  ရတယ်။ကလေးတွေမှာ ကားကထွက်တဲ့  အိပ်ဇော အငွေ့တည့်တည့်မှာ အသက်  ရှုနေတာနဲ့အတူတူဖြစ်နေတယ်။လူကြီး  တွေက အရပ်က မြင့်တော့ သိပ်မထိခိုက်  ဘူးပေါ့။ဒီကလေးတွေဟာ ကျွန်တော်တို့  ရဲ့အနာဂတ်ဗျ။အခုဆို ဂျာနယ်တွေ မဂ္ဂ ဇင်းတွေ တီဗွီတွေထဲမှာ မကြာခဏဖတ် နေရပြီကြားလည်းကြားနေရပြီ ခဲဆိပ်တက်  လို့ ကလေးတွေ ကျန်းမာရေးဘယ်လို ဥာဏ်ရည်ထုံထိုင်းတာတွေဖြစ်တော့ ကျွန်တော်က ကြည့်ပြီးစိတ်မကောင်းဖြစ်  ရတယ်။အဲဒီ မီးခိုးလေးများနည်းနည်း  လျော့သွားအောင်လုပ်နိုင်ရင်ပတ်ဝန်းကျင်  လေးတော့ ကောင်းမလားပေါ့။မီးခိုးနည်း အောင် ကားဝပ်ရှော့လေးလုပ်ပြီး ကား  ကို အင်ဂျင်လေးကနေပြီးစလုပ်မယ်ဆိုပြီး  ဆုံးဖြတ်တယ်။(ဒီတော့ ငါ့ကလေးတွေ မကောင်းရင်ငါ့တိုင်းပြည်ကောင်းမှာမဟုတ် ဘူး။ ငါ့တိုင်းပြည်မကောင်းရင်  ငါ့ကလေးတွေ ကောင်းမှာမဟုတ်ဘူး) ဆိုတာကိုကျွန်တော် နိုင်ငံခြား မှာတုန်းက ကြားရတယ်ဗျာ။အဲဒါနဲ့ ကျွန်တော် သဘောပေါက်သွားပြီ၊ငါပြန် လုပ်မယ် ကွာဆိုပြိး ခံယူချက်လေးတွေ   ပြောပြတယ်။ကျွန်တော်ကားဝပ်ရှော့လုပ်  တော့ အရင်တုန်းက ဒီတိုင်းပြည်မှာဟနေ  တာက Skilled Labour မရှိဘူးTraomed machanice မရှိဘူး။ဒီနေ့သူတို့ပြောတဲ့ အစည်းအဝေးမှာပါတယ်။ဒီက machanice ကို ကွာလဖိုင်းဖြစ်မဲ့ Program သူတို့အရင်တုန်းက ဘာလုပ်ခဲ့လည်း၊ ဘာမှမလုပ်ခဲ့ဘူး နှစ်ပေါင်းများစွာပြီးခဲ့ ပြီ၊နောက်ပြီးသူတို့ကပြောတယ် နိုင်ငံတ ကာအဆင့်မီကျောင်းဖွင့်တယ်။ကျွန်တော်  တို့ ငယ်တုန်းကတက်တဲ့ကျောင်းတွေက  အကုန်လုံးနိုင်ငံတကာအဆင့်မီတယ်ဗျာ  ကျွန်တော်တို့နိုင်ငံခြားမှာ အလုပ်လုပ် တုန်းက အဲဒီကျောင်းတတ်တာပဲ၊ဒါပေမဲ့ အတွင်းရေးမှူးတစ်ဦးလက်ထက်ပညာရေး စနစ်မှာ ကျောင်းတွေကို နိုင်ငံတကာ အဆင့်မီ ကျောင်းဖွင့်မယ်ဆိုပြီးလုပ်တယ်။လုပ်တော့ ကျွန်တော်တို့အစိုးရကဖွင့်ထား တဲ့စက်မှုသက်မွေးပညာဦးစီး ဌာနမှာ ဖွင့်ထားတဲ့  ကျောင်းတွေကအလိုလိုနိုင်ငံ တကာက  မမီဘူးဖြစ်သွားတယ်။သူတို့ ဟာ သူတို့  အဆင့်အတန်းခွဲပစ်လိုက်တာ တကယ်တော့ကျွန်တော်တို့ပညာရေးဟာ အရင်တည်းက လုပ်ထားတာနိုင်ငံ တကာအဆင့်မီသင် ထားပေးတာ အဲ့ဒီလူတွေပဲ ကျွန်တော်တို့   စင်ကာပူတို့နိုင်ငံခြားတွေမှာ အလုပ်လုပ် ပြီး ကျွန်တော်တို့တိုင်းပြည်ကို အကျိုး  ပြုပြီး ကျွန်တော်တို့က ဗမာဟေ့ဆိုပြီး နိုင်ငံခြားမှာ အလံစိုက်ခဲ့တာ၊အဲဒီဟာတွေ ကို သူတို့မေ့ပစ်လို့မရဘူး၊အခုကျတော့  သူတို့ကနိုင်ငံတကာ အဆင့်မီဆိုတဲ့ဟာ  တွေနဲ့ရောဂါထနေတာ အဲဒါကျွန်တော် သိပ်မခံနိုင်ဘူးဗျာ။အဲဒါနဲ့နောက်တော့  ကလေးတွေအတွက် ကျွန်တော်လုပ်ပေး မယ်ဆိုပြီးပြောတာပါ။ကားဆိုတာ ကျွန်တော်တို့အားလုံးနဲ့မကင်းကြဘူး။အခု ဗမာပြည်က ဘာဖြစ်လဲဆိုတော့ စီးပွားရေး ဆိုတာကားကိုဝယ်တာ ရောင်းတာတစ်ခု တည်းကိုပဲစီးပွားရေးလို့ အောက်မေ့နေတာမှားတယ်၊ကျွန်တော် တို့နိုင်ငံဟာ Productivity (ကုန်ထုတ် စွမ်းအား)မရှိပဲနဲ့ ဈေးပဲဝယ်လိုက် ရောင်း လိုက် လုပ်ရမယ့် ပွဲစားနိုင်ငံမဟုတ်ဘူး။ သယံဇာတတွေကို ထိထိရောက်ရောက် ကုန်ချောအထိ ထုတ်နိုင်တဲ့ နိုင်ငံဖြစ်မှ ရေရှည်တည်တန့်အကျိုးရှိကြမှာပါ။ ဗမာတွေ အ လဲမအနဲ့ လဲမန ကြပါနဲ့ ပါးပါးနပ်နပ်ရှိပြီး မခံရအောင်ပြုစရာ ပြင်စရာရှိတာ လုပ်စရာရှိတာ ညီညီ ညွတ်ညွတ်လုပ်ကြပါ။ ခုနကပြော သလို ဈေးသုံးလည်းမ လွယ်နဲ့ရှေးထုံး လည်းမပယ်နဲ့စကားကို  ကျွန်တော်ပြေညချင်တယ်၊ကျွန်တော်တို့ က အခုဘာဖြစ်လဲဆိုတော့ ဈေးသုံးသိပ် လွယ်နေတယ်၊ရှေးထုံးရှိခဲ့တယ်၊ဒီကား တစ်စီးကိုအကြာကြီး ရေရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ ပညာတွေ ကျွန်တော်တို့သင်ခဲ့ကြတယ်၊ကားတစ်စီး  ဆိုတာရောက်ရင်မြန်မြန်ပျက်အောင် လုပ်ရတာမဟုတ်ဘူး။ကြာရှည်ခံအောင် ထိန်းသိမ်းရတာ၊အခုကားကြီးပဲရောင်း ချင်နေတဲ့ လူတွေရဲ့ဆန္ဒက မြန်မြန်ပျက် ရင်များများရောင်းရတယ်၊ Bassiness Point of view နဲ့ Marketing တစ်ခု တည်းကကြည့်ရောင်းနေလို့မရဘူး။တိုင်းပြည်ရဲ့သယံဇာတ Foreign Currency Exchange  ငွေပမာန ကို ကျွန်တော်တို့ ဒီလိုဖြုန်းပစ်လိုက်လို့ မရဘူး။ကားတွေက အများကြီးသွင်းမယ့် အစားကျန်းမာရေးနဲ့ဆိုင်တဲ့ တကယ့်တန်ဖိုး  ရှိတဲ့ဆေးရုံသုံးပစ်္စည်းတွေ ပညာရေး ဆိုင်ရာပစ္စည်း Teaching Aids အဲဒီမှာ ပိုက်ဆံ၊တွေသုံးရင် ကျွန်တော်တို့တွေ ကျန်းမာ  ရေးတွေ ပိုမကောင်းဘူးလား ၊ ကားက ဘာလို့သွင်းမရလဲ လက်ရှိရှိ နေတဲ့ကားတွေ  ကိုဘယ်လိုပြင်မယ် ဘယ်လိုထိန်းသိမ်းမယ် ထိန်းသိမ်း မှုအပေါ်မှာလည်း ကျွန်တော်တို့ဗမာ လူမျိုးတွေကဂုဏ်ယူရမယ်၊ကျွန်တော် တို့ အစိုးရက အဲဒါကို ပေါ်လစီချပြီးအဲဒီဟာ မျိုးကို ငါတို့တိုင်း ပြည်ကလုပ်ရမယ် ဒါမှနိုင်ငံခြားငွေ ပိတ် နိုင်မယ်ဆိုတဲ့ ရှေးစကားကို ကျွန်တော် တို့က နားလည် ရမယ်၊ပိုက်ဆံရှိတိုင်း နိုင်ငံခြားက ကားတွေသွင်းနေဖို့မလိုဘူး၊ ဒီမှာရှိတဲ့ ကားတွေကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာစဉ်းစားရမယ်။Wear and Tear ဆို တာပွတ်စားပြီးကုန်သွားတာ၊ဥပမာ Piston တို့ Bearing  တို့လို ဒါမျိုးတွေ  ကိုပဲပေးလို့ရှိရင် ဗမာပြည်က မက်ဂဲနစ် တွေက ကျွမ်းကျွမ်းကျင်ကျင်ပြင်ပြီးတော့  ဒီကားကို အနှစ်(၂၀) (၂၅)နှစ်လောက်  ထိန်းထိန်းသိမ်းသိမ်းမောင်းတတ်တယ်၊  ဒါပေမဲ့ သူတို့က လေထုညစ်ညမ်းလို့ဆို ပြီးပြောတယ်၊ဟုတ်တယ်၊ဘော်ဒီဟောင်း  သွားတာ ကျွန်တော်ပြောတာတော့ ကား  တိုင်း အနှစ်(၂၀)စီပေးပါလို့မပြောဘူး၊ ရေရှည်ခံအောင်စီးလာနိုင်ရန် ကျွန်တော်  တို့တိုင်းပြည်က ထွက်သွားတဲ့ ငွေနည်း  မယ်၊နောက်တစ်ခုက သဘာဝပတ်ဝန်း ကျင် Environment  နဲ့ပြောရင် ကားတစ် စီးဖြစ်ဖို့လိုတာ ကမ္ဘာလောကကြီးက အများကြီးယူသွားတာပြောလိုက်ချင်ပါတယ်။
၈၀ခုနှစ် နှောင်းပိုင်းတွေမှာ Australia နှင့် Japan ကို Iron Ole (သံမှုန့်များ)   နဲ့  Coal (ကျောက်မီးသွေးများ)တန်ချိန်  သိန်းချီပိုတဲ့ သင်္ဘောပေါ်မှာ (၂)နှစ် လောက်တာဝန်ထမ်းခဲ့ဘူးပါတယ်။အဲဒီ  သံမှုန့်တွေ ကျောက်မီးသွေးတွေနဲ့ကား ထုတ်တော့ အပူဘယ်လောက်ထွက်မလဲ   တွေးမိတယ်။အဲဒီအပူတွေရဲ့ဒဏ် အခုခံ ရပြီး ကားစီးချင်လို့ ပေးလိုက်ရတဲ့ အဖိုး အခတွေပေါ့ဗျာ။အခုတလော America မှာရှိတဲ့ Mississippi မြစ်ကြီးကောနေ ပြီ။မနှစ်ကဒီအချိန် (၈)မီတာ ရှိတဲ့ ရေ ကအခု(၂)မီတာ ပဲကျန်တော့တယ်။မိုး ခေါင်လို့ မြစ်တွင်းရ ရမဲ့ရေအလုံအလောက် မရတာနဲ့သောင်တွေပေါ်ပြီးသင်္ဘောတွေ  ရေကြောင်းပိတ်နေကြတယ်ကြားတယ်။  စစ်မြေပြင်အင်ဂျင်နီယာတွေတောင် သောင်တူးသင်္ဘောတွေနဲ့တူးပေးနေကြရ တဲ့ အခြေအနေရောက်ပြီ တနှစ်အတွင်း  လေးဆ တိမ်ကောသွားတယ်ကြားတယ်။  Mark Twin River Boat  အကြောင်း ငယ်ငယ်ကကြားဖူးခဲ့လို့ လွန်ခဲ့တဲ့ (၁၀)  နှစ်ခန့် ကရောက်ခဲ့ဖူးသေးတယ်။အခု တော့ဒေါ်လာသန်းပေါင်းများစွာ အကုန် ခံပြန်ပြုပြင်ဆယ်ယူနေရပြီ။ကျွန်တော် တို့ နိုင်ငံလဲ ကားတွေထုတ် အပူတွေ အားရပါးရထုတ်ပြီး နောင်မျိုးဆက်သစ် တွေကို ဒုက္ခပေးသလိုဖြစ်သွားမလား စိုး ရိမ်မိပါတယ်။ကားတစ်စီးလုံးဖြစ်ဖို့ သံရည်ကျိုရတဲ့အပူထက်တော့ ပွန်းစား  သွားတဲ့ Piston တို့ Bearing တို့လောက်  ထုတ်ပြီး ကား Engine  တွေ Rebuiltအ လုပ် ပြီးပြန်သုံးနိုင်ရင် ပတ်ဝန်းကျင်ကို ဒုက္ခ ပေးတာ သက်သာပါလိမ့်မယ်။နိုင်ငံတော်  ရဲ့ စေတနာနဲပ လုပ်ပေးခဲ့တဲ့ Bus Car တွေ Taxi တွေ CNG နဲ့မောင်းဖို့ စီမံခဲ့တဲ့အတွက် ဒီဇယ်မီးခိုးမဲတွေနဲ့ညစ် ပေခဲ့တဲ့ရန်ကုန်မြို့ရဲ့ လေထုအတော်သန့် သွားခဲ့သလို အပူထွက်မဲ့ကိစ္စများလဲ ထိန်း သိမ်းရှောင်ရှားပေးဖို့ မူဝါဒများချမှတ် ဆောင်ရွက်ပေးနိုင်ပါစေလို့ မေတ္တာရပ်ခံ  ချင်တယ်။

စိုးဝင်းနိုင်

No comments:

Post a Comment