Pages

Tuesday, August 28, 2012

တာလေမြို့နယ်ခွဲ နှင့် မိုင်းကိုးကျေးရွာအုပ်စုတွင် တာချီလိတ်မြို့နယ် ကြံ့ဖွံ့ပါတီမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး

တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနှင့် ပါတီဝင်ကော်မတီဝင်များသည် တာလေမြို့နယ်ခွဲ နှင့် မိုင်းကိုးကျေးရွာအုပ်စုတို့တွင်
ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် လိုအပ်သည်များကို သွားရောက်၍ ၂၀၁၂ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


တာလေမြို့နယ်ခွဲ တာကြန့်ကျေးရွာ၌ မိုးရွာသီအတွင်းသွားလာရခက်ခဲနေသော လမ်းအား ကိုယ်ထူကိုယ်ထ ကျောက်ခင်းလမ်း ပြုပြင်ရေးအတွက် ကြံ့ဖွံ့ပါတီမှ စက်သုံးဆီအတွက် ( ၃၀၀၀ )ဘတ်
ကူညီပေးခဲ့ကြသည်။


တစ်ဆက်တည်းမှာပင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုရှိ ဟွေတာတံတားပြုပြင်ရန်အတွက် လိုအပ်နေသည့် သစ်များအတွက် တန်ဘိုးငွေ ( ၁၅၀၀၀၀ )ကျပ် ကူညီပေးခဲ့ကြောင်းသိရှိရသည်။

ထိုတံတားအားပြုပြင်ရန်အတွက် လိုအပ်နေသည့် သစ်များမှာ -
(က) တံတားအောက်ခံရန် (၄x၄x၆')ပေ အရှည်ရှိသော သစ်(၁၂)ချောင်း
(ခ) တံတားအပေါ်ခင်းရန် (၂x၂x၆')ပေ အရှည်ရှိသော သစ်(၁၁)ချောင်း တို့ဖြစ်ကြပြီး
တံတားအပေါ်ခင်းရန် သစ်(၁၁)ချောင်းနှင့် တံတားအောက်ခင်းရန် သစ်(၁၂)ချောင်းအတွက် စုစုပေါင်း ကုန်ကျမည်မှာ ( ၁၅၀၀၀၀)ကျပ် ဖြစ်သည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:

Post a Comment