Pages

Friday, August 24, 2012

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီသက်မွန်မြင့်၏ မွေးနေ့အလှူအဖြစ် အမေများအဖွဲ့၊ ကိုလူချောအဖွဲ့နှင့် စက်အဖွဲ့များသို့ အလှူငွေကျပ် ၁၅ သိန်း လှူဒါန်း




အကယ်ဒမီသက်မွန်မြင့်မှ အမေများအဖွဲ့သို့ အလှူငွေလှူဒါန်းစဉ်
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီသက်မွန်မြင့်က သူမ၏ မွေးနေ့လှူဒါန်းမှုအဖြစ် အမေများအဖွဲ့၊ ကိုလူချောအဖွဲ့နှင့် စက်အဖွဲ့များသို့ အလှူငွေ ကျပ် ၁၅ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
''မွေးနေ့အလှူအဖြစ် ဒီမှာလာလှူဖြစ်တာကတော့ ကျွန်မတို့နဲ့ဘ၀တူ ရုပ်ရှင်အဖွဲ့သားများအနေနဲ့ တွေ့ကြုံနေရတဲ့ သာရေး၊ နာရေးနဲ့ ပတ်သက်တာတွေ၊ အခက်အခဲတွေကို လှူဒါန်းကူညီပေးချင်တဲ့စိတ် ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ဒီလိုလှူဖြစ်သွားတာပါ''ဟု သရုပ်ဆောင်အကယ်ဒမီ သက်မွန်မြင့်က ပြောကြားခဲ့သည်။
အဆိုပါ မွေးနေ့အလှူတွင် ဒါရိုက်တာ ဦးမျိုးဇော်အောင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အမှာစကားပြောကြားခဲ့ကာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ 
အခမ်းအနားတွင် အကယ်ဒမီသက်မွန်မြင့်က မွေးနေ့အလှူအဖြစ် အမေများအဖွဲ့သို့ ကျပ်ငါးသိန်း၊ ကိုလူချောအဖွဲ့သို့ ကျပ်ငါးသိန်း၊ စက်အဖွဲ့သို့ ကျပ်ငါးသိန်း၊ စုစုပေါင်း အလှူငွေ ကျပ် ၁၅ သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ref: Eleven

No comments:

Post a Comment