Pages

Friday, August 24, 2012

လေးရက်ကြာ ဓာတ်အားပြန်တောက်မည်ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အများပြည်သူများအား ၂၄နာရီ မီးပေးသွားမည်




မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တည်ဆောက်လျက်ရှိသည့် ၂၃၀ကေဗွီ မင်းလှပင်မ ဓာတ်အားခွဲရုံအား လက်ရှိဓာတ်အားပို့ လွှတ်ထားသော ၂၃၀ကေဗွီ ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သည့်အတွက် သြဂုတ်လ၂၅ရက်နေ့ နံနက် ၆ နာရီမှ သြဂုတ်လ၂၈ရက်နေ့ ညနေ၆နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ နေရာဒေသအချို့တွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အများပြည်သူများအား ၂၄နာရီ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုံများကိုမူ အုပ်စုနှစ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်း အမှတ် ၂ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
''မင်းလှဓာတ်အားခွဲရုံအသစ် တည်ဆောက်နေတဲ့အတွက် ဒီဓာတ်အားခွဲရုံကို ဓာတ်အားလိုင်းတွေ အ၀င်အထွက်လုပ်မှာမို့လို့ ဓာတ်အားလိုင်း ခဏပိတ်မှာပါ။ အဲဒါကြောင့် ရန်ကုန်ကို စီးဝင်နေတဲ့ဓာတ်အား ၁၆၀မီဂါဝက်လျော့သွားမယ် ဆိုပေမယ့် ရန်ကုန်မြို့က အများပြည်သူကို ပေးနေတဲ့ လျှပ်စစ်မီးကိုတော့ မဖြတ်ပါဘူး ၂၄ နာရီ ပေးသွားမှာပါ။ စက်မှုဇုံကိုတော့ အုပ်စုနှစ်စုခွဲပြီး အလှည့်ကျ မီးပေးသွားမှာပါ''ဟု  ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စက်မှုဇုံများအား အုပ်စုနှစ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီးပေးရာတွင် အုပ်စု A အား နံနက် ၅ နာရီမှ ၁၂နာရီ အထိ၊ အုပ်စု B အား ၁၂ နာရီမှ ၁၇ နာရီအထိ တစ်လှည့်စီပေးသွားမည်ဖြစ်ပြီး ၁၇ နာရီမှ နံနက် ၅ နာရီအတွင်းတွင်မူ အုပ်စုနှစ်စုစလုံးအား လျှပ်စစ် မီးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။   
ထိုသို့ ဓာတ်အားပြတ်တောက်ရာတွင် ၄င်းပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ နေရာဒေသအချို့တွင် နေ့စဉ် နံနက် ၆နာရီမှ ည ၂၁ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။
ref: Eleven

No comments:

Post a Comment