Pages

Tuesday, August 28, 2012

ပြည်ခိုင်ဖြိုးပါတီမှ ကျိုင်းလပ်မြို့နယ်ခွဲရှိ ၀မ်တုံကျေးရွာသို့ ရေပိုက်နှင့်ဘိလပ်မြေများ သွားရောက်လှူဒါန်း

၂၀၁၂ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့တွင် ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင် / ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ဦးဆောင်၍ တာချီလိတ်မြို့နယ်ပါတီနာယက ဦးအားဇေး၊ မိုင်းဖြတ်ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းဆွမ်ဝန်း၊ ဦးဘိုစံ၊ တာချီလိတ်မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် တာချီလိတ်မြို့နယ်ပါတီကော်မတီဝင်များအပါအ၀င် ကျိုင်းလပ်မြို့နယ်ခွဲ ၀မ်တုံကျေးရွာသို့ သွားရောက်၍ သောက်သုံးရေရရှိရေးအတွက် ကျေးရွာမှ လိုအပ်နေသည့် ရေပိုက်နှင့် ဘိလပ်မြေများ လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။





ဝမ်တုံကျေးရွာတွင် လိုအပ်နေသည့် ရေပိုက် နှင့် ဘိလပ်မြေများကို လှူဒါန်းရာ၌် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးနှင့်မိသားစုမှ ၃"လက်မ ရေပိုက် အချောင်းရေ(၁၅၀)ချောင်းနှင့် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့်မိသားစုမှ ဘိလပ်မြေ(၂၀)အိတ် ဖြစ်ကြပြီး ၎င်းတို့ လှူဒါန်းသော ပစ္စည်းများ၏ တန်ဖိုးငွေမှာ ထိုင်းဘတ် ( ၂၇၅၀၀ )ဘတ် ရှိကြောင်းသိရပါသည်။


ထို့နောက် နေ့လည်ပိုင်းတွင် ရှမ်းအမျိုးသမီးယဉ်ကျေးမှုအဖွဲ့များမှ ရှမ်းရိုးရာ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများပြုလုပ်ရာ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ဂုဏ်ပြုဆုငွေ (၄၀၀၀)ဘတ် နှင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက ဦးအားဇေးမှ ဆုငွေ(၁၀၀၀)ဘတ်တို့ဖြစ် စုစုပေါင်း(၅၀၀၀)ဘတ်တို့အား ယဉ်ကျေးမှုအကအဖွဲ့ နှင့် ကျေးရွာမိခင်အဖွဲ့တို့အား လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:

Post a Comment