Pages

Wednesday, August 29, 2012

သိန်းနီမြို့နယ် နားဆော့ကျေးရွာ ရေကျော်မြောင်း တံတားပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွား

(လားရှိုး  သြဂုတ် ၂၈)
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ မြို့နယ် နားဆော့ ကျေးရွာ  ရေကျော် မြောင်း တံတား၌ သြဂုတ် ၂၁ ရက် နံနက် ၅ နာရီ ၁ဝ မိနစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သိန်းနီ-လားရှိုးသွား ပြည်ထောင်စု လမ်းမကြီး နားဆော့ ကျေးရွာ မိုင်တိုင် အမှတ် (၁၉၆/၇) (၁၉၇) အကြား ရေကျော်မြောင်း အရှည် ပေ ၂ဝ၊ အကျယ် ၂၃ ပေရှိ သံကူကွန် ကရစ် တံတား၏ မြောက်ဘက်ထိပ်၊ အရှေ့ဘက်ခြမ်း အောက်ခြေတွင် ၂ ပေ ပတ်လည်နှင့် တံတားပေါ် မျက်နှာပြင် ၄ ပေ ပတ်လည်ခန့် ပျက်စီး သွားပြီး တံတား အနီးမှ အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ ထုတစ်လက်မခန့်ရှိ TNT ယမ်း ၃၅ လုံး၊  ဓာတ်ခဲ အိတ်တစ်ခု၊ ဆားကစ်ပြား တစ်ခု၊ ၁၅ ပေခန့်ရှိ ဝါယာကြိုးနီ/ နက်နှစ်ချောင်း၊ အရှည် တစ်လက်မခန့် အားဖြည့်ယမ်း နှစ်တောင့်၊ အမှတ် (၃၃) လျှပ်စစ် စနက်တံ သုံးချောင်းတွေ့ ရှိခဲ့၍ သက်ဆိုင်ရာမှ  အခင်း ဖြစ်ရာ နေရာကို သွားရောက် ရှင်းလင်း သိမ်းဆည်းခဲ့ ကြောင်းနှင့် လူ၊ တိရစ္ဆာန်နှင့် မော်တော်ယာဉ်များ ထိခိုက် မှုမရှိ ကြောင်း  သိရသည်။

အဆိုပါ ရေကျော် မြောင်းတံတားကို ဖောက်ခွဲ ဖျက်ဆီး သွားသူ များအား သိန်းနီ ရဲစခန်းမှ (ပ)၅၆ /၂ဝ၁၂  ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ(၃)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

No comments:

Post a Comment