Pages

Wednesday, August 29, 2012

ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိ

(တောင်ကြီး  သြဂုတ် ၂၈)
ရှမ်းပြည်နယ် လားရှိုး အမှတ်(၁) ရဲစခန်းမှ ရဲအုပ် အောင်လွင် ဦးစီးတပ် ဖွဲ့ဝင်များသည် သက်သေ များနှင့် အတူ သြဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီက ခေးနင်းတိုး ဂိတ်တွင် မန္တလေးမှ မူဆယ်သို့ မောင်းနှင် လာသည့် ရွှေလင်းတန်း ခရီးသည်တင် ယာဉ်အမှတ်/... တိုရိုတာ မတ်တူး ဆလွန်း အဖြူရောင် ကားအား ရပ်တန့် ရှာဖွေ စစ်ဆေးရာ ကားနောက ခန်းတွင် ကျောက်စိမ်း အရိုင်းတုံး ဆိုက်စုံ ၁၁ တုံးနှင့် ကျောက်စိမ်း အရိုင်းတုံး အလွတ် ခုနစ်တုံး စုစု ပေါင်း အလေးချိန် ၂၅ ကီလို ဂရမ်အား ရှာဖွေတွေ့ ရှိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကိုဝဏ္ဏ ၃၆  နှစ် (ဘ)  ဦးအံ့ကျော်  ရွှေစာရံ ကျေးရွာ ပုသိမ်ကြီး မြို့နယ်နေသူ အား လားရှိုး အမှတ်(၁)ရဲစခန်းမှ (ပ) ၂၇၅/၂ဝ၁၂ ကျောက်မျက် ၄၂(က)အရ အမှုဖွင့် အရေးယူ ဆောင် ရွက် ထားရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment