Pages

Monday, September 10, 2012

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ဂျပန် အကူအညီဖြင့် ထပ်မံအဆင့်မြင့်မည်

ရန်ကုန်-မန္တလေး အဆင့်မြင့် လမ်းမကြီးကို အစီအစဉ်အတိုင်း ရှစ်လမ်း သွား လမ်းမကြီးအဖြစ် ဖောက်လုပ်ခြင်း၊ နိုင်လွန် ကတ္တရာ ထပ်ခင်းခြင်း၊ CCTV များ တပ်ဆင်ခြင်းနှင့် လမ်းမကြီးပေါ် ကျွဲ၊ နွားများ မတက်စေအောင် ခြံစည်းရိုး ခတ်ခြင်းများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် လုပ်ဆောင် သွားရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အမြန်လမ်းမကြီး တည်ဆောက်စဉ်ကတည်းက ရှစ်လမ်း သွားအဖြစ် ကြေညာခဲ့သော်လည်း လက်ရှိတွင် လေး လမ်းသွား အဖြစ်သာ ရှိနေသေးပြီး နောက် ထပ်လေး လမ်း ထပ်မံခင်း ရန် ကျန်နေသေးသည်ဟု သိရကာ ဘတ်ဂျက် ချထားပေး မည့် အချိန် ကိုသာ စောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။ “ဂျပန်က ကူညီမယ်လို့တော့ ပြောဆိုဆွေးနွေးထားတာ ရှိပါတယ်။ နိုင် ငံတော် ဘတ်ဂျက်နဲ့ မလောက်ငတော့ လို့ ပြည်ပ အကူအညီ ရယူထားရတာပါ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ လတ်တလောတွင် ရန်ကုန်-နေပြည်တော် လမ်းပိုင်းအချို့၏ အနေအထားများအရ လမ်းပေါက်ပြဲမှုများကြောင့် ကွန်ကရစ်များကို အပိုင်းပိုင်းဖြတ် ကာ ပြန်လည်ပြင်ဆင် နေခဲ့ရသော ကိစ္စရပ်များ ရှိခဲ့သည်ဟု သိရသည်။
“ရန်ကုန်-မန္တလေး လမ်းမကြီးကို နိုင်လွန်ကတ္တရာခင်းဖို့ စီစဉ်နေတယ်လို့ ကြားထားတာကြာပြီ။ ဂျပန်က ကူညီမှာလည်း ကြားထားတာပါပဲ။ ဒီလမ်းမကြီးက အရေးပေါ် အမြန်ဆောက်ခဲ့ရတဲ့ လမ်းမကြီးထဲမှာ ပါတယ်လေ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အငြိမ်းစား အဆင့်မြင့် အရာရှိ တစ်ဦး ကလည်း ပြောကြားသည်။ အဆိုပါ လမ်းမကြီးပေါ်တွင် အဝေးပြေးကားများမှာ တစ်နာရီလျှင် မိုင် ၆၀ ထက် ပိုမမောင်းရကြောင်း သတိပေးထားပြီး ကွန်ကရစ်၏ ခိုင်ခံ့မှု အရည်အသွေး အာမခံချက် နည်းပါးမှုကြောင့် နှစ်အနည်းငယ် ကာလအတွင်းမှာပင် ပြင်ဆင်ခဲ့ရမှုများ ရှိနေခဲ့သည်ဟု သိရသည်။ အေဝိုင်အီး
ref: ပြည်မြန်မာ

No comments:

Post a Comment