Pages

Monday, September 10, 2012

Omyanmar အွန်လိုင်းဈေးဝယ်စင်တာနှင့် Myan Pay အွန်လိုင်းငွေပေးချေမှုစနစ်တို့ ချိတ်ဆက်ဆောင်ရွက်


ပြည်တွင်း အွန်လိုင်းဈေးဝယ်စင်တာတစ်ခုဖြစ်သည့် Omyanmar အွန်လိုင်းဈေးဝယ်စင်တာနှင့် Myan Pay အွန်လိုင်းငွေပေးချေမှုစနစ်တို့ စတင်ချိတ်ဆက်လိုက်ကြောင်း သိရသည်။ ထိုကဲ့သို့ ချိတ်ဆက်လိုက်ခြင်းအားဖြင့် ယခင်က ပစ္စည်းလက်ဝယ်ရောက်ရှိမှ ငွေသားပေးချေရမှုအစား အွန်လိုင်းငွေပေးချေမှုအကောင့်သို့ ငွေပေးချေရတော့မည်ဖြစ်သည်။

“Omyanmar မှာရှိတဲ့ အွန်လိုင်းဆိုင်ခန်းတွေမှာ ၀ယ်ယူတဲ့ပစ္စည်းတွေကို Myan Pay အကောင့်ကနေ ပေးချေနိုင်မှာဖြစ်ပါတယ်။ အရင်တုန်းက Omyanmar က၀ယ်ရင် ပစ္စည်းကို အိမ်တိုင်ရာရောက်ပို့၊ ၀ယ်ယူသူလက်ထဲရောက်တော့မှ ငွေပေးချေရတာဖြစ်ပါတယ်။ အခုငွေပေးချေမှုစနစ်ကိုလည်း Online Payment အနေနဲ့ သွားမှာဖြစ်ပါတယ်” ဟု Myan Pay Online Payment မှ တာဝန်ရှိသူကပြောသည်။ လက်ရှိ Omyanmar အွန်လိုင်းဈေးဝယ်စင်တာတွင် ဆိုင်ခန်းပေါင်း (၄၀) နီးပါးရှိပြီး လိပ်စာမှာ www.omyanmar.com ဖြစ်သည်။ ယခုကဲ့သို့ ချိတ်ဆက်ဆောင်ရွက်လိုက်ခြင်းအားဖြင့် အဆိုပါဝက်ဘ်ဆိုက်တွင် ရောင်းချလျက်ရှိသော အိုင်တီနှင့် နည်းပညာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လက်ဝတ်ရတနာ၊ ရိုးရာအမှတ်တရပစ္စည်းများ အစရှိသည်တို့ကို Online Payment ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “အရင်က Online Payment မရှိသေးတဲ့အတွက် အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလုပ်ဆောင်ရာမှာ အခက်အခဲတွေရှိပါတယ်။ လက်ရှိ Myan Pay Online Payment ရှိလာပြီဖြစ်တဲ့အတွက် အဲဒါကို ကျွန်တော်တို့ Shopping Mall မှာ သုံးစွဲလိုက်တဲ့ သဘောပါပဲ” ဟု Omyanmar ဈေးဝယ်စင်တာကို အကောင်အထည်ဖော်သည့် iBiz Service Provider ကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။ Online Payment စနစ်ကို Omyanmar ဈေးဝယ်စင်တာ၌ ယခုလကုန်မှစတင်ကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း

No comments:

Post a Comment