Pages

Tuesday, September 11, 2012

နှစ်ပေါင်း ၂ဝဝဝ သက်တမ်းရှိ စတာလင်ပေါင် ၂ ဒသမ ၂ သန်းတန် ရှေးရောမခေတ် မြင်းတပ်စစ်သည် ဦးထုပ်အား တော်ဝင်လက်ရာ ပစ္စည်းများ ပြပွဲတွင် ပြသသွားမည်

(လန်ဒန် စက်တင်ဘာ ၁ဝ)
ဗြိတိန်တွင် စတာလင်ပေါင် ၂ ဒသမ ၂ သန်းဖြင့် ၂ဝ၁ဝ ပြည့်နှစ် အတွင်းက လေလံပွဲ ၌ ရောင်းချ နိုင် ခဲ့သော ရှေးရောမခေတ် မြင်းတပ်သုံး ဦးထုပ်တစ်လုံးအား ပထမဆုံးအကြိမ် အဖြစ် Bronze  အမည်ရှိ တော်ဝင် လက်ရာပစ္စည်းများပြပွဲတွင် ပြသသွား မည်ဟု သိရသည်။

အဆိုပါ ဦးထုပ်ကို ကမ်ဘရီယာ ခရိုင် အတွင်းရှိ လယ်ကွင်းတစ်ခု အတွင်း၌ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းနေရာမှ အနီးဆုံးတွင် ရှိသော ရွာကိုအစွဲပြု၍ ''Crosby Garrett Helmet'' ဟု အမည် ပေးထားသည်ဟု သိရသည်။ ၎င်းဦးထုပ်ကို ၂ဝ၁ဝ ပြည့်နှစ်တွင် ရှေးဟောင်း ပစ္စည်းများ စုဆောင်းသူ တစ်ဦးက လေလံပွဲ၌ ဝယ်ယူ သွားခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။

၎င်းဦးထုပ်သည် နှစ်ပေါင်း ၂ဝဝဝ သက်တမ်းရှိပြီး အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာ တစ်ခုဖြစ်ကြောင်း၊ bronze  ပြပွဲ၏ ပူးတွဲခေါင်းဆောင်ဖြစ် သူ ဒေးဗစ်အက်ခ် ဆာဂျီယန် က ပြောကြား သည်။ Bronze တော်ဝင်လက်ရာ ပစ္စည်းများပြပွဲကို စက်တင်ဘာ ၁၅ ရက် မှ ဒီဇင်ဘာ ၉ ရက်အ ထိ ပြသသွားမည် ဟု သိရသည်။
ref: MWD

No comments:

Post a Comment