Pages

Tuesday, September 11, 2012

စိတ်ကြွဆေးပြား လက်ဝယ်ထားရှိသူ ဖမ်းဆီးရမိ


(တောင်ကြီး စက်တင်ဘာ၁ဝ)

ရှမ်းပြည်နယ် ပင်လောင်းမြို့ ထိန်ပင်ကျေးရွာအုပ်စု လုံးတဲကျေးရွာတွင် စက်တင်ဘာ ၇ရက် နံနက် ၅နာရီ က ပူး ပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပင်လောင်းမြို့နယ် ထိန်ပင် ကျေးရွာအုပ်စု လုံးတဲရွာနေ လှအောင်၄၃နှစ် (ဘ)ဦးထွဲ၏ နေအိမ်အား ပင်လောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေ များနှင့်အတူ စက်တင်ဘာ ၇ရက် နံနက်၅နာရီက ဝင်ရောက် ရှာဖွေရာ စိတ်ကြွဆေးပြား ၁၃၆ပြားနှင့် ငွေကျပ် သုံးသိန်းကျော်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် လှအောင်ကို ပင်လောင်း ရဲစခန်းမှ မယ(ပ)၂၂/ ၂ဝ၁၂မူး/စိတ် ၁၅/၁၉(က) ၂ဝ(က)အရ အရေးယူ ထား ကြောင်းသိရသည်။
ref: MWD

No comments:

Post a Comment