စက်တင်ဘာလ(၁၈)
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မန္တလေး-လားရှိးလမ်းဘေး အချက်အချာကျသည့်နေရာများတွင် ကျပ်သိန်းသောင်းချီ၍ ဈေးမြင့်တက် လျှက်ရှိပြီး မြေအရောင်းအ၀ယ်ပြုလုပ်ရန် မြေလွတ်များပင် မကျန်ရှိတော့ကြောင်း ဒေသခံအကျိုးဆောင်များထံက သိရသည်။
“ပြင်ဦးလွင်မြို့လယ် မန္တလေး-လားရှိးလမ်းဘေးမှာဆို မြေအရောင်းအ၀ယ်လုပ်ဖို့ အတွက်တစ်ကွက်မှ မကျန်တော့ဘူး၊ စိန်မေ၀င်း ရုပ်ရှင်ရုံနားက မြေကွက်ဆို သိန်းပေါင်း သုံးသောင်းပေးတာတောင် ပိုင်ရှင်က မရောင်းဘူး၊”ဟု ပြင်ဦးလွင်အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းလုပ်သူ ကိုတိုင်ထွန်းက ပြောသည်။
ပြင်ဦးလွင်တွင် အိမ်ခြံမြေ၀ယ်ယူ လိုပါက ပြည်တော်သာ၊ အဝေးပြေးကားကြီးကွင်းနှင့် မြို့သစ်များတွင်သာ ၀ယ်ယူနိုင်ကြောင်းကို လည်း အကျိုးဆောင်များထံက သိရသည်။
ပြင်ဦးလွင်မြို့တွင်း မန္တလေး-လားရှိုးလမ်းမဘေးတွင် တစ်ဧကလျှင် သိန်း(၃)သောင်းကျော်၊ ပြည်တော်သာ ကွက်သစ်တွင်ပေ(၄၀-၆၀)လျှင် သိန်း(၂)နှစ်ထောင်ဝန်းကျင်နှင့် ကားကြီးကွင်းနှင့် မြို့သစ်များတွင် ပေ(၆၀-၈၀)မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း သိန်း(၁၅၀၀) အထိ ဈေးမြင့်တက် နေခြင်းဖြစ်သည်။
ပြင်ဦးလွင် အထင်ကရနေရာတစ်ခုဖြစ်သည့် အမျိုးသား ကန်တော်ကြီးသွားသည့် လမ်းမဘေးတွင် မြေတစ်ဧကလျှင် သိန်း (၁၂၀၀၀)မှ (၂)သောင်းကြား အထိရှိကြောင်းနှင့် ရေချမ်းအိုးဘက်ကားလမ်းဘေးတွင် သိန်းပေါင်း(၂)သောင်း နီးပါးဈေးရှိ နေခြင်းဖြစ်ကြောင်း ကိုလည်း ဒေသခံအကျိုးဆောင်တစ်ဦးထံက သိရှိရသည်။
“မြန်မာနိုင်ငံမှာတော့ပြင်ဦးလွင်မှာ မြေဈေးအမြင့်ဆုံးပဲနဲ့တူတယ်၊ဒီမှာက ဘယ်နေရာဝယ်ဝယ် သိန်းတစ်ထောင်က အနိမ့်ဆုံးပဲ၊ ရန်ကုန်က သူဌေးတွေ၊မန္တလေးကသူဌေးတွေက နွေရာသီမှာ ဒီမှာလာနေဖို့ အတွက်လာဝယ်ကြ တာ၊နောက် လုပ်ငန်းရှင်တွေ ကလည်း ဒီမှာ ဟိုတယ်ဆောက်ဖို့အတွက်လာဝယ်ကြတာများတယ်”ဟု မြို့ခံ လူငယ်တစ်ဦးဖြစ်သည့် ကိုကောင်းမြတ်ကပြောသည်။
ပြင်ဦးလွင်မြို့သည် တန်ဆောင်တိုင်ပွဲတော်၊ ပန်းပွဲတော်များ နှစ်စဉ်ကျင်းပခြင်းနှင့် လာမည့် ၂၀၁၃ ဆီးဂိမ်း သို့လာရောက်လည်ပတ် ကြမည့် နိုင်ငံခြားသားများ အနေဖြင့် အေးမြ၍ ရာသီဥတုသာယာသော နေရာသို့ လာရောက် လည်ပတ်ကြလိမ့်မည်ဟု လုပ်ငန်း ရှင်များက ကြိုတင်တွက်ဆထားသောကြောင့် ပြင်ဦးလွင် အိမ်ခြံမြေဈေးမှာ ယခုကဲ့သို့ မြင့်တတ်နေခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
ပြင်ဦးလွင်မြို့သည် မန္တလေးမြို့နှင့် မိုင်(၄၀)ကျော်ကွာပေးပြီး ရှမ်းမြောက်အစဖြစ်သည့် နောင်ချိုမြို့နှင့်လည်း ဆက်စပ် လျက်ရှိ သည့် တောင်တန်းဒေသအစပြုသည့် မြို့ဖြစ်သည်။
မြစ်မခ

No comments:
Post a Comment