Pages

Monday, September 17, 2012

အကယ်ဒမီပေးပွဲ ကို ရန်ကုန်မြို့မှာ ကျင်းပရင် ပိုကောင်းမယ် ဒါရိုက်တာ ပန်းချီစိုးမိုး

 ၂ဝ၁၃ခုနှစ် အတွင်း ရုံတင်ပြသတဲ့ ရုပ်ရှင် ဇာတ်ကားများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီးပြီး အကယ်ဒမီဆု ရွေးချယ်ချီးမြှင့်မယ်လို့ သိရပါတယ်။ အခုလိုမျိုး ရုပ်ရှင် လောကသားများက ရွေးချယ် ချီးမြှင့်ပေးမယ့် အပေါ် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ နာယက တစ်ဦးဖြစ်သူ ဒါရိုက်တာ ပန်းချီစိုးမိုး က ” ရုပ်ရှင် အစည်းအရုံး က အခု အနည် မထိုင်သေးဘူး။ အကယ်ဒမီကို ကိုယ်တိုင်ပေးချင်တာတော့ လက်ခံပါတယ်။ သူတို့အတွက် စောပါသေးတယ်။ လူအများရဲ့ ယုံကြည်မှုကို အရင် တည်ဆောက် ပြီးမှလုပ်စေချင်တယ်။ တည်ဆောက်တဲ့ နေရာမှာ ခိုင်ခိုင်ခံ့ခံ့နဲ့ တည်ဆောက်စေချင်တယ်။ ဒါကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာပေးကို ပေးရမယ်။ ဒီအခွင့်အရေး တစ်နေ့ သူတို့ ရကိုရစေရမယ်။ အနည်ထိုင်ပြီး လူအများက ယုံကြည် လက်ခံလာတဲ့ အချိန်ကျရင် “ရုပ်ရှင်အစည်းအရုံး”က ပေးကိုပေးရမယ်။ အခု အစိုးရပေးတာ ဟုတ်တယ်။ ဘယ်အဖွဲ့အစည်း ပဲပေးပေး အစိုးရ ကပဲပေးပေး၊  NGO ပဲ ပေးပေး၊ ရိုးသားဖို့၊ မှန်ကန်ဖို့၊ ဖြောင့်မတ်ဖို့၊ တိကျဖို့၊ အဖြေတွေရှိဖို့၊ ရသင့် ရထိုက် တဲ့ လူတွေရဖို့က အဓိကပါပဲ။ မရသင့်ပါဘဲနဲ့ ရရင်တော့ လူအများက ပြောစရာ ဖြစ်သွားတာပေါ့။ လူတိုင်းမှာတော့ အတ္တ ရှိတာပေါ့။ ဒါပေမဲ့ ဒီလို အရာမျိုးတွေက (အကယ်ဒမီပွဲ) တော့ အတ္တတွေ မရှိဘဲ မှန်ကန်မယ် ဆိုရင် ရုပ်ရှင်လောက က ပိုပြီးတော့ ကျယ်ပြန့်လာမှာပါ။ ရုပ်ရှင် အစည်းအရုံး အနေနဲ့လည်း  ကြိုးစားမှု အားထုတ် မှုတွေက မြင်တွေ့တဲ့ အတိုင်းပါပဲ။ တစ်နေ့ တစ်ချိန်မှာတော့ ဒီအခွင့် အရေးမျိုး ရမယ်ပေါ့”လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ အကယ်ဒမီပွဲကို ရန်ကုန်မှာ ကျင်းပ ခဲ့ရင် ပိုပြီးတော့ စိုပြည် လှပမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာရှင်တွေက ရန်ကုန်မှာပဲ စုဝေး နေထိုင်ကြတယ်။ နေပြည်တော်က သွားလာရတာ သူတို့အတွက် အချိန် ကုန်သွားတာပေါ့။ ဒါကြောင့် အကယ်ဒမီ ကို ရန်ကုန်မြို့မှာပဲ ကျင်းပရင် ပိုပြီး ကောင်းမယ်လို့ ပန်းချီ စိုးမိုးက သူ့သဘောထား ကို ပြောပြခဲ့ပါတယ်။
ထူးထူး
ref: Popular

No comments:

Post a Comment