Pages

Monday, September 17, 2012

X2O မဏ္ဍပ်ဗုံးပေါက်ကွဲ နှင့် သက်ဆိုင်သောတရားခံ ကိုဖြိုးဝေအောင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း နှင့် ပတ်သက်၍


 တရားခံအဖြစ်သေဒဏ်ချ မှတ်ခြင်းခံရသောတရားခံကို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အတွက်  အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ကို သံသယဖြစ်မိလို့ပါ။ ထောင်ကျ  သူတိုင်းကိုယ့်ကိုယ်ကိုအပြစ်ရှိပါ တယ်လို့ ၀န်ခံတာ (၁၀) မှာ (၁) ဦးပဲဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ (၉) ဦးကတော့ရဲကြောင့် တရားသူကြီး  ကြောင့် သတင်းပေးကြောင့်လို့ စွပ်စွဲချေပကြတာထုံးစံတစ်ခုပါပဲ။  ကျွန်မကိုယ်တိုင်လည်း လောင်း ကစားမှုနဲ့ ထောင်ကျဖူးသူပါ။ ဒါကြောင့် အကျဉ်းသားတိုင်းကို သနားဖို့မလိုပါဘူး။ တချို့အကြိမ် ကြိမ်ဝင်/ထွက်နေတဲ့သူတွေဆို ထောင်များမရှိခဲ့ရင် ဘယ်လောက်  ထိဆိုးသွမ်းနေမလဲလို့တောင်တွေး မိရရဲ့ (နိုင်ငံရေးလှုပ်ရှားမှုမျိုးကို မဆိုလိုပါ) ကျွန်မထောင်ထဲရှိစဉ် က လွတ်ငြိမ်းခွင့်နှစ်ကြိမ်ကြုံရပေ မယ့်မပါဝင်ဘဲ လူသတ်မှု၊ ခိုးမှု၊  မူးယစ်မှု၊ အဓမ်္မမူ၊ လူမှောင်ခို ရောင်းစားမှု၊ ပြည့်တန်ဆာမှုတွေ ကို သာလွတ်ပေးတာတွေ့ရတော့   ငါက လွတ်ရက်နီးလို့ဖြစ်မှာပါလို့  ဖြေသိမ့်ခဲ့ရပေမယ့်။ အခုလို (X2O) ဗုံးပေါက်ကွဲမှုမှာ တရားခံ  ယူဆရသူကို နှစ်နှစ်ထဲနဲ့ လွတ်ပေး  လိုက်တာကိုတော့ အံ့သြရပါပြီ။ ဒီထက်ပိုပြီး အံ့သြရတာက ဂျာနယ် စာစောင်တွေမှာ သူ့ကိုသူရဲကောင်း သဖွယ်၊ စံပြုဂုဏ်ပြုထိုက်သူသဖွယ်၊ သူ့ထက်ငါအလုအယက်အင်တာဗျူး  ကြတာတွေ့ရတော့ တစ်ဆိတ် တော့လွန်ပြီထင်ပါရဲ့လို့ စဉ်းစား မိလို့ ဒီစာကိုရေးလိုက်တာပါ။ သေဆုံးသူ (၁၇) ဦး ဒဏ်ရာရသူ  (၅၉) ဦးကို အားနာ၊ ကိုယ်ချင်းစာ    သနားဖို့ကောင်းပါရဲ့။ သူ့မှာလုံးဝ အပြစ်မရှိလို့ လွတ်ပေးတာဆိုရင် ကြိုဆိုပါတယ်။ ကင်တားနား  လာတွေ့လို့ဆိုတာမျိုးကတော့ မဖြစ်ထိုက်ပါဘူး။ ကင်တားနား   မကလို့ ဘာကောင်ကပဲလာတွေ့  လာတွေ့ဒီလိုအမှုမျိုးကိုလူသားခြင်း  စာနာဖို့မလိုဘူး။ ဘယ်နိုင်ငံရဲ့ ဖိအားကိုမှ မလိုဘူး။ ကိုယ့်ပြည် တွင်းရေး၊ ကိုယ့်ဥပဒေအတိုင်း ရာဇ၀တ်မှုကို ကျူးလွန်ထားတဲ့ ရာဇ၀တ်သားအဖြစ်ပဲဖြစ်ရမှာပါ။  ဘယ်တရားခံကမှ မှားပါတယ်လို့ ၀န်မခံဘူး။ သူက တရားခံအစစ်  ဟုတ်ချင်လည်းဟုတ်မယ်။ မဟုတ်  ချင်လည်းမဟုတ်ဘူး။ ဒီကိစ်္စတရား  ခံအစစ်နဲ့ ဘုရားပဲအတိအကျ သိလိမ့်မယ်။
သေဆုံးဒဏ်ရာရ မိသားစု  တွေတောင်အခုထိဖြေမဆည်နိုင်  စိတ်ထိခိုက်နေကြတုန်းမို့ မျက်နှာ ပူဖို့ကောင်းပါတယ်။ နိုင်ငံတကာ  မှာ ဆိုရင်လည်းရာဇ၀တ်မှု၊ မူးယစ်  မှု လူမှောင်ခိုမှုတွေကို ပြင်းထန် စွာနှိမ်နှင်းနေတာပဲ။ ဒီလိုအမှုတွေ ကို လွှတ်မပေးဘူး။ ဒီ (X2O) ဗုံး ပေါက်ကွဲမှုမှာ သေဆုံး၊ ဒဏ်ရာ ရ မိသားစုတွေနဲ့ အိန်္ဒိယနယ်စပ်  (တမူး) မှာနေတဲ့ ကျွန်မနဲ့ ဆက်စပ် မှု မရှိပေမယ့် ကိုယ့်နိုင်ငံသား ကိုယ့်ယဉ်ကျေးမှုပွဲတော်မှာ ဖြစ်သွားရတာမို့တရားခံကို လုံးဝ ခွင့်မလွှတ်နိုင်ပါဘူး။ အများဘက်  ကသာရပ်တည်ပေးရပါလိမ့်မယ်။ ဒီလို လူ (၁၇) ဦးသေစေပြီး (၅၉) ဦး ဒဏ်ရာရစေခဲ့တဲ့ ရာဇ၀တ်မှု နဲ့ တစ်နှစ်ခွဲလုံးလုံးထောင်ထဲနေခဲ့  ရတဲ့ ကျွန်မအဖြစ်နဲ့ ချိန်ထိုးကြည့် မိတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆို တာကို အားမလိုအားမရဖြစ်မိ တာမဆန်းပါဘူး။

ဒေါ်အိသုံ (တမူး)
ref: Hot News

No comments:

Post a Comment