Pages

Monday, October 22, 2012

တာချီလိတ်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံတကာကူးစက်ရောဂါတိုက်ဖျက်ရေးစီမံချက်အတွက် အသိပေးရှင်းလင်း

အောက်တိုဘာ(၂၂)

၂၀၁၂ခုနှစ် အောက်တိုဘာ(၂၂)ရက်နေ့ နံနက်(၉)နာရီက တာချီလိတ်မြို့ပြည်သု့ဆေးရုံရှိ သင်တန်းခန်း မ မှာ နိုင်ငံတကာ ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရေး အသိပေးရှင်းလင်းပွဲ အခမ်းအနားကို ပြုလုပ် ကျင်း ပခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ   အခမ်းအနားမှာ  ခရိုင်ကျန်းမာရေးမှူး ဒေါက်တာ  စောလွင် နှင့်  ကျန်းမာရေးဝန်ထမ်းများ      အပါအ၀င် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်လာကြတာကို တွေ့ရပါတယ်။



ယခုအခမ်းအနားအား ပြုလုပ်ရခြင်းမှာ နိုင်ငံတကာကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် နယ်စပ်ဝင်ပေါက်များ မြို့ဝင်/ထွက်ဂိတ်များ စသည်တို့မှာ ကျန်းမာရေးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး နေရာချထားကာ ကူးစက်ရောဂါများ မဖြစ်ပွား/မပြန့်ပွားစေရန် ကျန်းမာရေးအထူးစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အသိပေးရှင်းလင်းပွဲ ပြုလုပ် တယ် လို့သိရပါတယ်။


ကူးစက်ရောဂါများမပြန့်ပွား မဖြစ်ပွားစေရန်အတွက် နယ်စပ် ဂိတ်တစ်ခုဖြစ်တဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အ မှတ်(၁) တံတားမှာ အထူးပြုလုပ်ဖို့ လိုကြောင်းကို အခမ်းအနားတက်ရောက်လာသူတစ်ဦးမှ ပြောပါတယ်။




တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် စီးပွားရေးအရ ကူးသန်းသွားလာသူများ အလည်အပတ် သွားလာသူများ စသည်ဖြင့် နေ့စဉ် ၀င်/ထွက် လူဦးရေ ခန့်မှန်းမှာ (၄၀၀၀)ခန့် ရှိတယ်လို့ သိရပါတယ်။


ထို့အတွက်ကြောင့် တစ်ဖက်နိုင်ငံမှ ကူးစက်ရောဂါများမပြန့်ပွား မဖြစ်ပွားလာစေရန်အ တွက် နိုင်ငံ တကာ ကူး စက်ရောဂါတိုက်ဖျက်ရေးစီမံချက်အဖြစ် အထူးပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

တာချီလိတ်သတင်း

No comments:

Post a Comment