Pages

Monday, October 22, 2012

အင်းလေးဖောင်တော်ဦးစေတီ ဒေသစာရီကြွချီစဉ်အတွင်း ပြည်ပဧည့်သည်ဝင်ရောက်မှုစံချိန်တင်

အောက်တိုဘာ(၂၂)

 

ရှမ်းပြည်နယ်ညောင်ရွှေမြို့ နယ်အင်းလေးကန်အတွင်းရှိ ဖောင်တော်  ဦးဘုရားဒေသစာရီ လှည့်လည် အ ပူ ဇော်ခံစဉ်ရက်များအတွင်း နိုင်ငံခြား ဧည့်သည်ဝင်ရောက်မှုနှုန်းများ ယခင်ထက်သုံးသခန့်ပိုမိုများပြားပြီး  ယခုနှစ်အတွင်း ဒေသစာရီလှည့် စဉ်အတွင်း၌မူ ပို၍များခဲ့ကြောင်း  စုံစမ်းသိရှိရသည်။
“ဘုရားရဲ့ ဒေသစာရီကြွတဲ့ ရက်ထဲမှာ နိုင်ငံခြားသားဝင်ရောက် မှုနှုန်းက အရင်ထက်နှစ်ဆလောက်  ပိုများတယ်။ ဒီရက်ပိုင်းမှာ ဒီလို ဒေသစာရီကြွတာကို နိုင်ငံခြား သားတွေက ပိုစိတ်ဝင်စားတယ်။ အဲသလိုဒေသစာရီကြွတဲ့ရက်အတွင်း  ဘုရားဖူးလာကြတဲ့ တိုင်းရင်းသား တွေရဲ့ ၀တ်စားဆင်ယင်မှု၊ အမှု အ ကျင့်လေးတွေနဲ့ သူတို့ရောင်းချ တဲ့ မုန့်ပဲသရေစာတွေကို စိတ်ဝင် တစားအားပေးကြတယ်။ သူလို့  အများ ဆုံးတည်းတာကတော့ အင်းထဲက ဟိုတယ်တွေမှာပဲ”ဟု  ဖောင်တော်ဦးဘုရားဂေါပကတာ ၀န်ရှိသူတစ်ဦးမှ ဘုရားဒေသစာရီ ကြွစဉ်အတွင်းနိုင်ငံခြားဧည့်သည်  ၀င်ရောက်မှုနှုန်းအား ယခင်ရက် များနှင့် ယှဉ်ကာသုံး သပ်ပြောကြား   သွားခဲ့သည်။
အင်းလေးဖောင်တော်ဦးဘုရား  ဒေသစာရီကြွခြင်းအား သတင်း ကျွတ်လဆန်း (၁) ရက်နေ့မှ စတင်  လေ့ရှိပြီး။ အနီးနာရှိ ရွာများသို့ လှည့်လည်အပူဇော်ခံရာတွင် ဖောင်တော်ဦးမှမင်းဆိပ်သို့လည်း  ကောင်း၊ အင်းဆိပ်မှ ရွာမသို့ လည်းကောင်း၊ ထိုမှတဆင့် ငါး ဖယ်ချောင်းဒေသစာရီငါးရက် မြောက်နေ့၌ ပွဲစားကုန်း၊ လင်းကင်း  နှင့် ညောင်ရွှေထိဆက်လက်ပူဇော်  ခံသွားမည်ဖြစ်ကြောင်း သိရှိရ သည်။

THE HOT NEWS

No comments:

Post a Comment