Pages

Monday, October 8, 2012

သမ္မတကြီး ဦးသိန်းစိန်၏ ပြည်တော်ပြန်ခရီးအား လာရောက်ကြိုဆိုကြတဲ့ အနုပညာရှင်များရဲ့ရင်တွင်းစကား



သမ္မတ၏ ပြည်တော်ပြန်ခရီးကို ကြိုဆိုခဲ့သည့် အနုပညာရှင် နှစ်ဦး၏ ရင်တွင်း စကား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၁-၁၀-၂၀၁၂ ရက်တွင် အမေရိ ကန်နိုင်ငံ ၊ နယူးယောက်မြို့မှ နံနက် ၉ နာရီ ၂၀ မိနစ်တွင် လေကြောင်း ခရီးဖြင့် ပြန်လည် ရောက်ရှိလာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်သူများနှင့်အတူ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသူ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် အေးမြတ်သူတို့၏ ဝမ်းသာဂုဏ်ယူ စကားများကို ဖော်ပြလိုက်ပါတယ်။

 အိန္ဒြာကျော်ဇင်

 မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ ဥက္ကဋ္ဌဦးဆောင်ပြီး နိုင်ငံတော် သမ္မတကြီးကို လာကြိုတာပါ။ သမ္မတကြီးကို အကုန်လုံးကချစ်ပြီး ဂုဏ်ယူစွာလာ ကြိုကြတာမြင်တော့ အရမ်းကို ဝမ်းသာတယ်။ 

 အေးမြတ်သူ

 နိုင်ငံရဲ့ ဂုဏ်ဆောင်နိုင်ငံကို အကောင်းဘက်ကို ရောက်အောင်ပြုပြင်နေတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ လုပ်ရပ်တွေ အားလုံးကို ပြည်သူ တစ်ယောက်အနေနဲ့ ကြိုဆိုတယ်။ ဂုဏ်ယူတယ်။ ဒါကြောင့်လာကြိုတာ။ အခုလာကြိုတဲ့ သူတွေအားလုံးက ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှုမှမပါဘဲ ကိုယ့်အသိစိတ်နဲ့ ကိုယ်ရင်ထဲက ဆန္ဒအစစ်အမှန်နဲ့ လာကြိုကြတာ။ အရမ်းကို ပျော်တယ်။

ပြည်မြန်မာ

No comments:

Post a Comment