Pages

Monday, October 8, 2012

တူရကီ-ဆီးရီးယား အပြန်အလှန်ပစ်ခတ်မှု များဆက်တိုက်ဖြစ်ပွား



 ဆီးရီးယားဘက်မှပစ်ခတ်လာသော အမြောက်ဆန်သည် နယ်စပ်အနီး တူရကီရှိ ဟာတေပြည်နယ်မှ ရွာတစ်ရွာ အနီးကျလာခဲ့မှုကြောင့် တူရကီစစ်သားများက အောက်တိုဘာလ ၆ ရက်တွင် ပြန်လည်ပစ်ခတ် ခဲ့ကြောင်း တူရ ကီ သတင်းဌာန Anadoula က ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့အပြန်အလှန်ပစ်ခတ်မှုမှာ အောက်တိုဘာလ ၆ ရက်တွင် လေးရက်မြောက်ရှိလာပြီဖြစ်သည်။ အောက်တိုဘာလ ၃ ရက်တွင် ဆီးရီးယားက တူရကီရှိ Akcakale မြို့ကို အမြောက်များဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် အရပ်သားငါးဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာရခဲ့သည်။ ယင်းပစ်ခတ်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကန့်ကွက်ရှုတ်ချခဲ့သည်။ အောက်တိုဘာလ ၄ ရက်တွင် တူရကီဝန်ကြီးချုပ် ရီဆက်တေရစ်အာဒိုဂန်က ဆီးရီးယားသည် တူ ရကီ၏ကာကွယ်ရေးစွမ်းရည်နှင့် ခိုင်မာသော သံန္နိဋ္ဌာန်ကို စမ်းသပ်မည် ဆိုပါက အမှားကြီးမှားသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ တူရကီနယ်စပ်အနီး ဆီးရီးယားမြို့တစ်မြို့ဖြစ်သော Khirbet al Jouz ကို အတိုက်အခံများက ခုနစ်နာရီကြာတိုက်ခိုက်မှုအပြီး သိမ်းနိုင် ခဲ့သည်။ ဒမတ်စကတ်၊ ဟွမ်၊ အလက်ပို စသောမြို့များစွာတွင်လည်း တိုက်ခိုက်မှု များစွာဖြစ် ပွား ခဲ့ သည်။ 


 Myanmar Express

No comments:

Post a Comment