Pages

Monday, October 8, 2012

စစ်တွေမြို့ အရေးပေါ်အခြေအနေ

စစ်တွေမြို့တွင် ယနေ့ဖြစ်ပွားခဲ့သော မူဆလင်ဗလီမီးလောင်မှုကြောင့် အခြေအနေမှာ တင်းမာလျက်ရှိကြောင်းသိရှိရသည်။ မနက်ဖြန်နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပြည်ထဲရေးဝန်ကြီးဌာန၏ တိုင်းတာဝန်ခံအရာရှိများအစည်းအဝေးသို့ ရခို င်ပြည်နယ်မှ ရဲမှူးကြီးနှင့် အခြားပြည်ထဲရေးလက်အောက်ဌာနအကြီးအကဲများ သွားရောက်ရန် အစီအစဉ်ကို ဆိုင်းငံ့ထားကြောင်းသိရသည်။

မနက်ဖြန်တွင် ကျင်းပပြုလုပ်ရန်ရှိသော အဝေးသင်တက္ကသိုလ်(ပထမအသုတ်)စာမေးပွဲများကို လည်း လုံခြုံရေးတင်းကျပ်စွာစီမံထားကြောင်းသိရသည်။ ကျောင်းသားများနှင့် မူဆလင်လူမျိုးများ ထိပ်တိုက်တွေ့ဆုံမည်ကို အထူးစိုးရိမ်နေရကြောင်း ယနေ့ဖြစ်စဉ်ကြောင့် စစ်တွေတွင် နောက်ထပ်အဓိကရုဏ်းများ ထပ်မံဖြစ်ပွားလာမှာကိုစိုးရိမ်ရကြောင်း လုံခြုံရေးအရာရှိတစ်ဦးက ယခုလိုပြောကြားသွားပါတယ် " ဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်အရပေါ့နော်၊ ပထမတော့ ရခိုင်လူမျိုးတွေလုပ်တယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ထားတာ။

ဗလီကို ကျွန်တော်တို့က လုံခြုံရေးယူပေးထားရတာ။ ဒီနေ့ မလေးသံရုံးအဖွဲ့တွေလာကြည့်မှာဆိုတော့လေ။ တခြားဘယ်သူ့မှ အ၀င်အထွက်မရှိဘူး။ မီးကလည်း အထဲမှာလောင်တော့ ကြံစည်တဲ့ကိစ္စတွေဖြစ်နိုင်တယ်။

မနက်ဖြန်လည်း ကျောင်းတွေစာမေးပွဲရှိတော့ နောက်ထပ် အဓိကရုဏ်းတွေဖြစ်မှာစိုးရိမ်ရတယ်။ တာဝန်ခံ ရဲမှူးကြီးတောင် နေပြည်တော် အစည်းအဝေးသွားဖို့ကိစ္စကို ခဏဆိုင်းထားတယ်။ လုံခြုံရေးကိုတော့ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ထားပါတယ်။

အဓိကက မနက်ဖြန်စာမေးပွဲဖြေမယ့် ကျောင်းသားတွေအတွက်ပေါ့။ ကျွန်တော်တို့က အဲဒါပဲ စိုးရိမ်နေတာ" လို့ ပြောကြားသွားပါတယ်။

လွင့်မောင်မောင်

No comments:

Post a Comment