ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ လယ်ဧက(၅၀၀)အား
ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ သိမ်းဆည်းထားမှုအပေါ် လယ်သမား
များကိုယ်စား၎င်းမြို့နယ်မှတစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်
ယှဉ်ပြိုင်ခဲ့သူဦးဝင်းချိုမှ တာဝန်ယူဖြေရှင်းသွား မည်ဖြစ်သည်။
အဆိုပါ
လယ်ဧက(၅၀၀)သည် ၁၉၉၀ ခုနှစ်တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်တည်ဆောက်ရန်ဟု
သိမ်းယူခဲ့ ခြင်းဖြစ်သည်။ သိမ်းယူပြီးနောက် စစ်ခန်းမတည်ဆောက်ဖြစ်ခဲ့ပါက
လယ်သများများ လယ်လုပ်ခွင့်ပြန်လည်လုပ်ကိုင်နိုင် ကြောင်း နှုတ်ကတိပေး
ခဲ့သည်။
သို့သော်
စစ်စခန်းမတည်ဆောက်သည့် အပြင်ယခုအခါတွင် ဧရာဝတီရေတပ်စခန်းက လယ်သမား များအား
၂၀၁၃ ခုနှစ် နှစ် ဆန်းပိုင်း နောက်ဆုံးပြောင်းရွှေ့ခိုင်းရာမှ
လယ်သမားများမှာ မကျေနပ်ခြင်း ဖြစ်သည်။
“၁၉၈၈ နောက်ပိုင်း
အဓမ္မသိမ်းခံရတာမှန်ရင် ပြည်သူ့အကျိုးအတွက်ကို လွှတ်တော်ကနေ ပြည်သူ့
ကိုယ်စားလှယ်တွေ ကနေပြီး တော့ စုစည်းထားတဲ့အဖွဲ့ ရန်ကုန်တိုင်းအတွက်ကို
ပြည်ခိုင်ဖြိုးပါတီက ၃ ဦး အမျိုးသား ဒီမိုအင်အားစုပါတီက ၃ ဦး အားလုံး
ပေါင်း ၆ ဦး ပါတဲ့အဖွဲ့က ခင်ဗျားတို့မတရားခံရတာ တွေကို စစ်ဆေးပေးမယ်
လို့ပြောတယ်။ အဲ့ဒီတော့ စစ်ဆေးတဲ့ကော် မတီကို တိုင်ပေးအုံးမယ်။ ၁၉၉၀
ဖြစ်တဲ့အတွက် ခင်ဗျားတို့အမှုက စစ်ဆေးမဲ့အမှုထဲမှာ အကျုံး ၀င်တယ်။”ဟု
ဦးဝင်းချိုက ပြောသည်။
ရေတပ်မှ လယ်သမားများ နစ်နာမှုအတွက် တစ်ဧကလျှင်
ကျပ် ၃၅၀၀ ပေးပြီး ဌာနချုပ်မတည် ဆောက်ဖြစ်လျှင် လယ်သမား များအား
တစ်ဧကကျန်လျှင် တစ်ဧက စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုမည်ဟု ဆိုခဲ့ခြင်း
ဖြစ်သည်။
၁၉၉၀-၁၉၉၁ ခုနှစ်တွင် သီးစားခမဲ့လုပ်ကိုင်ခဲ့ကာ ၁၉၉၁-၁၉၉၂
ခုနှစ်မှ စ၍ ဧရာဝတီရေတပ်စခန်း ဌာနချုပ်မှ တပ်ခွဲရုံး (၃၂)၊ (၃၃)
တပ်များသို့ တစ်ဧကလျှင် (၁၁) တင်းမှ (၁၂) အထိ သီးစားခအဖြစ်
ပေးဆောင်ခဲ့ရကြောင်း သိရသည်။
“အခုအသိမ်းခံရတဲ့လယ်မြေတွေက
ကျွန်တော်ရယ် ကျွန်တော့်မိန်းမနာမည်ရယ်ဆိုရင် ဧက၂၀ ကျော်လောက်ရှိတယ်။
လာသိမ်း တဲ့အချိန်တုန်းက ဒီလယ်မြေကြီးက နိုင်ငံတော်ပိုင်တဲ့လယ်မြေ
နိုင်ငံတော်လိုအပ်တဲ့အချိန်မှာ ပြန်ယူတယ် မင်းတို့လက်မှတ် ထိုးလို့
ပြောတယ်။ အားလုံးကြောက်ပြီး ထိုးလိုက်ရတယ်။”ဟု လယ်ပိုင်ရှင် ဦးမြသိန်းက
ပြောသည်။
ယခုအခါတွင် လယ်သမားများက မိမိတို့၏နစ်နာမှုများအတွက် ရေတပ်စခန်းဌာနချုပ်သို့အချက်(၅)ချက် တောင်းဆို ထားကြောင်း သိရသည်။
တပ်မတော်မှ
လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေချိန်တွင် မြေဧရိယာတစ်ဧကကျန်သည်အထိ လစ်လပ်
မြေများ ပေါ်တွင် သီး စားခလွတ်လုပ်ပိုင်ခွင့်ပေးရမည်၊ တပ်မတော်မှ
စီမံကိန်းဆောင်ရွက် ပြီးခဲ့လျှင် လယ်သမားများမှ လယ် ယာမြေများပေါ်မှ
စွန့်လွှတ် ပေးမည်ဖြစ်ပြီး လယ်သမားများမှာ လယ်ယာစိုက်ပျိုးခြင်းအလုပ်သည်
အသက်မွေး ၀မ်းကျောင်းဖြစ်သဖြင့် လယ်ယာမြေပြန် လည် လုပ်ကိုင်နိုင်ရန်
ရန်ကုန်တိုင်းဒေသကြီးမည်သည့် နေရာတွင်မဆို လယ်ဧက(၅၀၀)အတွက် မိမိတို့အား
လျော်ကြေးပေး ထားသည့် တစ်ဧက ၃၅၀၀ နှုန်းဖြင့်သာပြန် လည်ချထားပေး ရန်
အစရှိသည့် တောင်းဆိုချက်များ ဖြစ်သည်။
မြစ်မခ
No comments:
Post a Comment